etoneJune 8, 20111min1889
ပိုက်ဆံက လူသားတွေအတွက် အရေးကြီးဆုံး မဟုတ်လျှင်တောင် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု အနေနဲ့ ပါဝင်နေပါတယ်… ။ ပိုက်ဆံရှိတဲ့လူတွေကို သူ့လောက်မရှိတဲ့လူတွေထဲက တချို့ ကပ်ဖားတွေက ပင့်ကြတယ် မြှောက်ကြတယ်… ။ အရေးကြုံလျှင် အခွင့်ရေး အကူညီလေးများပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ပါ… ။ တကယ်တမ်း အလကားနေရင်း ပင်မြှောက်တာတွေ လုပ်နေတာနဲ့ ကိုယ့်အတွက် တိုးတက်ရာ တိုးတတ်ကြောင်း အချိန်တွေ ကုန်ဆုံး နေခဲ့တယ်ဆိုတာ သတိမထားမိလိုက်ကြဘူး … ။ နာရီတွေကိုသာ ရပ်တန့်အောင်လုပ်လို့ ရမယ် အချိန်ကို ဘယ်သူကမှ ရပ်ပစ်လို့မရ့ပါဘူး … ။ ဖားကျွတ်လူတွေက …မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့သမျှ တကယ်တမ်း အကူညီလိုတဲ့ အခါ တောင်းကြည့်ပါဦး … ကိုယ့်ကို ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် ထင်ခံရမှာ […]