ဘုရားပန်းတွေလဲနေရင်းက ခြံဝဘက်ကို မျက်စိကရောက်တယ်။ ဒီနေ့လည်း ပေါ်မလာတော့ပါလား။ အချိန်က ဆယ်နာရီတိတိ။ ကြယ်တာရာ ပန်းလေးတွေကတော့ လတ်ဆတ်နေတုန်းမို့ ပန်းအိုးထဲ ပြန်ထိုးလိုက်တယ်။ ဘာကြောင့် မျက်စိက ခြံဝဘက်ကိုရောက်ရောက်နေရသလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ ဒါပေမယ့် အဖြေက ထွက်မလာဘူး။  ရင်ထဲမှာ ဟာနေတယ်။ ဝမ်းနည်းနေတာလား။ စိတ်မကောင်းဖြစ်နေတာကတော့ သေချာနေတယ်။ ကလေးမလေးတို့ရယ် ညည်းတို့ တော်တော် ဆိုးပါလားနော်။   (အဖြစ်အပျက်အစ)         နေ့စဉ် မနက် ငါးနာရီဆိုရင် မြတ်လေး နိုးနေပြီ။ ရေနွေးအိုးတည်..ထမင်းချက်။ မနက်စာ ငရုပ်သီးထောင်းကလေးကို ဆီရွှဲရွှဲဆမ်းပြီး ပဲပြုတ်ကလေးသုပ်။ အရည်သောက် ဟင်းရည်ကိုတော့ လွယ်လွယ်ပဲ ကြက်သားမှုန့်ကလေးကို ရေနွေးဆူဆူမှာ ဖောက်ချ။ ကြက်သွန်ဖြူနဲ့ ဂျင်းကို ဓါးပြားရိုက် ပစ်ထည့်လိုက်တာနဲ့ ဟင်းရည်တစ်ခွက်က ပြီးသွားပြီ။ ပြီးရင်တော့ […]