fattyNovember 20, 20112min26717
ဒီလိုမြင်ကွင်းလေးတွေကမြန်မာတွေအတွက်တော့ရိုးနေပါပြီ။ အထူးသဖြင့် ရန်ကုန်ပရိတ်သတ်အတွက် ပိုလို့တောင်ရိုးနေပါလိမ့်မယ် …။ ရွှေတိဂုံ စေတီတော်ကြီးအတွက် ရွှေပြားရွှေသင်္ကန်း ကပ်လှူပွဲ လှည့်လည်တဲ့ပွဲပါ။ ရန်ကုန်မြို့ကြည့်မြင်တိုင် ပန်းတဉ်းတန်းက ရွှေပြားတပြားကို ၃ ကျပ်သားနဲ့ ၂၃ ပြား ၆၉ ကျပ်သား လှူဒါန်းပါတယ် …။ မြန်မာတွေဆင်းရဲ့တယ်ဆိုတာ ဟုတ်ပါ့မလား …။ ဒီကနေ့ပေါက်ဈေးက တကျပ်သားကို ၇၃၀,၀၀ဝ ကျပ်ကျော်ကျော်ပါ။ ယုံကြည်မှုဆိုတဲ့ အင်အားဟာ အင်မတန်ကြီးမားပါတယ်။ အဝေးရောက်နေတာကြာပြီဖြစ်တဲ့ မြန်မာတွေအတွက် တစုံတခုသောအတိုင်းအတာထိ အမှတ်တရဖြစ်ပါစေလို့ …..။