fattyJune 25, 20111min25828
အင်းယားသည် ကျနော့ကို မှတ်မိဟန်မတူတော့ …..။ သူ့မှာလဲပုံပြင်တွေအများကြီးလေ … ပုံပြင်တွေထဲက ပုံပြင်လေးတပုဒ်ကို ဘယ်အမှတ်ရပါတော့မလဲ …။ အင်းယားရေကတော့တည်ငြိမ်နေဆဲပါ … ဖြတ်သန်းသွားခဲ့ဘူးသူတွေကသာ …ဘဝလှိုင်းတွေနဲ့ ဘောင်ဘင်ခပ်နေခဲ့ရတာ ….။ ကျနော်တမင်ရွေးပြီး မနက်အစောကြီးသွားခဲ့တာ ….။ ချစ်ကြသူတွေကိုမတွေ့ချင်ပါဘူး ..။ သူတို့ကတော့သိကြမှာမဟုတ်ဘူး ..။ တချို့လဲ လက်တွဲဖြစ်ကြတယ် ..။ တချို့လဲ လမ်းခွဲလိုက်ကြတယ် …။ ကျနော်သူ့ကိုသတိရလိုက်မိတယ် ….။ ဘယ်သူမဆိုလေ ပြန်ပြီးတော့အမှတ်ရမိကြမှာပါဘဲ ….။ အဝေးနေရာတွေအသီးသီးရောက်နေတဲ့ သူတွေအတွက်ပါ ..။ ကျနော်တို့ ထိုင်ခဲ့ကြတုန်းကနဲ့တော့မတူတော့ဘူးပေါ့ ..။ ကြည့်လေ … အမိုးလေးတွေနဲ့ …။ အဝေးရောက် သူငယ်ချင်းတို့ …. အတိတ်ဟောင်းလေးတွေပြန်ပြောင်း အောင့်မေ့ရအောင်လို့ပါ ..။ တခါတလေ … စိတ်တွေပြန်ပြီးနုပျိုသွားတာပေါ့ … လက်တွဲဖြုတ်ခဲ့ကြသူတွေအတွက်တော့ […]