weiweiDecember 1, 20101min1287
အခုလို အကြောင်းအရာတွေကို မရေးချင်ပါဘူး … ဒါပေမယ့် အခြေအနေအရ ကိုယ်သိတာလေးကို ပြောပြရင်း သင်ခန်းစာယူနိုင်ရန် အတွက်ပါ … ကျွန်မတို့အိမ်နဲ့ မလှမ်းမကမ်းမှာ အစိုးရဝန်ထမ်းတွေနေတဲ့ ရပ်ကွက်တစ်ခုရှိပါတယ်။ အဲဒီက မိသားစုတစ်စုအကြောင်းပါ။ အဖေက ဝန်ထမ်း အမေက အလုပ်မရှိ သမီး (၂) ယောက်ရှိပါတယ်။ ကုရင်လူမျိုးနဲနဲစပ်ပါတယ်။ အသားအရည်လှပပြီး အရပ်တော်တော်ရှည်တယ်။ ခန္ဓာကိုယ်ကလဲ ရှယ်ပဲ။ အဲဒါနဲ့ မြို့နယ်က ကျင်းပတဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်တာ ဆုရတယ်။ အဲဒီအချိန်တုန်းက ကောင်မလေးက (၉) တန်း (၁၀) တန်း အရွယ်လောက်ပဲရှိသေးတယ်။ သူ့ကို နဲနဲလူသိများသွားပြီး ရန်ကုန်တိုင်း လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လေ့ကျင့်ပေးမယ် ဘာညာနဲ့ အဲဒီလိုင်းထဲ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘာမှတော့ ဖြစ်လာတာ မတွေ့ရဘူး။ […]