စေနDecember 18, 20101min1348
from Nine Nine SaNay by နိုင်းနိုင်းစနေ မနေ့ကရဲ့အဖြစ်အပျက်တွေကို ထမ်းပိုးရင်း၊ ခုနှစ်တွေကို နင်းဖြတ်လျှောက်ရင်း အရပ်ရှစ်မျက်နှာမှာ ကျွန်တော်တို့ ကျင်လည်ကျက်စားခဲ့ကြတယ်။ ကွေ့ကွေ့ကောက်ကောက် လမ်းပေါ်မှာ မိုးသက်လေပြင်းဒဏ်ကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ မညီမညာလမ်းပေါ်မှာ ခလုတ်ဆူးညှောင့် ထိခဲ့ရတယ်။ ဘဝက ဒီလိုပါပဲ…. နေရာတိုင်းမှာ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ တချို့စိန်ခေါ်၊ စမ်းသပ်မှုတွေက ကျွန်တော်တို့အတွက် ဖြေရှင်းကခက်တဲ့ နာကျင်မှုတွေဖြစ်ခဲ့တယ်၊ မရေမတွက်နိုင်တဲ့ အတားအဆီးတွေဖြစ်ခဲ့တယ်။ ပျော်ရွှင်တဲ့ဘဝမှာတောင်မှ နာကျင်မှုက ရှိတတ်သေးတယ်။ တချို့က ဘဝရဲ့အနှောင့်အယှက်၊ အတားအဆီးတွေကို တည့်တည့်ရင်ဆိုင်ဖြေရှင်းပြီး နာကျင်မှုကို လျော့ချတယ်။ တချို့က အတားအဆီးတွေကို ပုံကြီးချဲ့ပြီး နာကျင်မှုကို ကြီးထွားအောင်လုပ်ကြတယ်။ အနှောင့်အယှက်၊ အတားအဆီးအတွက် ကျွန်တော်တို့မှာ မတူတဲ့ဖြေရှင်းနည်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအနှောင့်အယှက်၊ […]