ငွက္ကေလးMay 12, 20121min81553
“ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်သီချင်းလာရင် မတ်တပ်ထရပ်သင့်လား၊ မထမိရင် မျိုးချစ်စိတ် မရှိရာကျမလား၊ ထတဲ့သူတွေကရော နိုင်ငံချစ်ပုဂိ္ဂုလ်တွေလား။” တစ်ခါတစ်ရံ ကျွန်တော်ရုပ်ရှင်သွားကြည့်ဖြစ်တယ်၊ နိုင်ငံခြားက ရုပ်ရှင်ရုံတွေတော့ မကြည့်ဖူးပေမဲ့ မြန်မာပြည်တွင်းက ရုပ်ရှင်ရုံတိုင်းမှာ ရုပ်ရှင်မစခင် နိုင်ငံတော် သီချင်းဖွင့်ပြီး နိုင်ငံတော် အလံကိုအလေးပြုကြရတယ်၊ ကျွန်တော့်အမြင်အရတော့ သိပ်ပြီးသဘော မတွေ့လှဘူး။  အလံဆိုတာ နိုင်ငံရဲ့တံဆိပ်ဖြစ်လို့ လေးစားသမှု့ရှိသင့်တယ်ဆိုပေမဲ့ အပန်းဖြေဖို့ ရုပ်ရှင်ကြည့်တဲ့ အချိန်မှာတော့ မိုးတိုးမတ်တပ်နဲ့ သတိဆွဲမနေချင်ဘူး…။ ဒါဟာ စည်းကမ်းဆိုရင်တော့လည်း လိုက်နာရမှာပေါ့။ နိုင်ငံတော်သီချင်းအနေနဲ့ နိုင်ငံတစ်ခုကို ကိုယ်စားမပြုတဲ့ ရုပ်ရှင်ရုံမှာ ဖွင့်မနေသင့်ဘူး အားကစားပွဲတွေ၊ စစ်ရေးပြအခမ်းအနားတွေနဲ့ အခြားနိုင်ငံရေးပွဲတွေ၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေးတွေ မှာဆိုရင်တော့ဖွင့်ကို ဖွင့်ရမှာပေါ့။ ရုပ်ရှင်ရုံမှာဆိုရင်တော့ နိုင်ငံတော်သီချင်းနဲ့ အလံပုံတလူလူ လွှင့်ပြဖို့မလိုဖူးထင်တယ်၊ ယခုအချိန်မှာမတ်တပ်ရပ်သူ အများစုကလည်း မိုးခါးရေလိုက်သောက်ကြတဲ့ သဘောပဲ။ ရုပ်ရှင်ရုံလိုနေရာမှာ နိုင်ငံကို […]