maung hninkharrOctober 16, 20111min1164
“ဆက်စပ်မှု” ‘ဟေ့ မောင်လှ၊ မင်းရဲ့ drum kit ကိုရောင်းလိုက်တယ်လို့ ငါကြားတယ်။ ဘာဖြစ်လို့လဲ’ ‘ဘေးခန်းအိမ်က သေနတ်ဝယ်တယ်လို့ မတော်တဆ ငါသိလိုက်ရလို့ဟေ့’ ——————————————————————————————————————— “ပင်စင်စား” ‘ခင်ဗျားသား ၊ ကျောင်းပြီးရင် ဘာလုပ်မယ် စိတ်ကူးသလဲ’ ‘ဒီပုံစံအတိုင်း ဒီကောင်စာသင်နေရင်တော့ ကျောင်းလဲပြီးရော၊ ပင်စင်စားလဲ ဖြစ်ရောပဲလို့ ထင်တာပဲ’ ——————————————————————————————————————— “ဘဝတူချင်း မတင်စီးနဲ့” ထောင်ထဲတွင်ဖြစ်သည်။ သူခိုးနှစ်ယောက် တစ်ခန်းထဲ အတူကျသည်။ တစ်ယောက်က နာရီသူခိုး၊ နောက်တစ်ယောက်က နွားသူခိုး ဖြစ်သည်။ နွားသူခိုးက နာရီသူခိုးကို ကျီစယ်ရန် စိတ်ကူးပေါ်လာသည်။ ‘ဟေ့ကောင်၊ ဘယ်နှစ်နာရီရှိပြီလဲကွ’ ဟုမေးလိုက်ရာ ‘နာရီ အတိအကျတော့ မသိဘူး၊ ဒါပေမယ့် နွားနို့ညှစ်ချိန်ရောက်ပြီထင်တယ်’ ဟု နာရီသူခိုးက ပြန်ဖြေသည်။ ——————————————————————————————————————— “နမှုနာ” […]


maung hninkharrJuly 29, 20111min967
“အချိန်သိချင်လို့ပါ” ရဲစခန်း တစ်ခုသို့ ဖုန်းလာသည်။ ‘ဟဲလို’ ‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’ ‘၁ နာရီ’ နောက် ၅မိနစ်လောက် နေတော့ ထပ်ပြီးဖုန်းလာသည်။ ‘ဟဲလို’ ‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’ ‘၁ နာရီ ၅မိနစ်’ နောက် ၅မိနစ်လောက် နေတော့ ထပ်ပြီးဖုန်းလာသည်။ ‘ဟဲလို’ ‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’ ‘ဟေ့ကောင် . . . ငါတို့ မင်းဆီကယူထားတဲ့ နာရီပြန်လာယူတော့’   “ပျင်းစရာကြီး” တစ်ခါက ကလေးငယ်တစ်ယောက်က သူ့အဖေကို မေးသည်။ ‘ဖေဖေ လီမ်တဲ့ညာတဲ့ လူတွေက ကောင်းကင်ဘုံကို မရောက်ဘူးဆို’ ‘ဟုတ်တယ် . . . သား […]