ရွှေအိမ်စည်November 2, 20112min24018
အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ ့   အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။ အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာပါလို ့ဆောင်ပါးလေးတစ်စောင်မှာ ဖတ်ဖူးမိပါတယ်..။   အချစ်နဲ့ ပက်သက်ပြီး လူတွေဟာ ကိုယ်လောက် ကိုယ့်ချစ်သူအပေါ်မှာ ချစ်နိုင်တဲ့သူမရှိဘူးဆိုပြီးခံယူချင်ကြတယ် ယူဆတတ်ကြတယ်။ အဲဒီအယူအဆတွေနဲ့အတူနောက်ဆက်တွဲ  ပြဿနာတွေဖြစ်လာရင်လဲ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုပြီး ဖြစ်သမျှပြဿနာအပေါ်မှာ အရမ်းခံစားတတ်ကြတယ်။ ရည်းစားန ဲ့ကွဲကြတဲ ့ အခါမျိုးမှာပိုဆိုးပါတယ်…။ အရမ်းခံစားပြီး ကိုယ့်ကိုကို ဘယ်လိုမှမထိမ်းနိုင်ဘူးဆိုပြီး ရက်ရက်စက်စက်ကိုအသည်းကွဲတယ်လို ့ယုံကြည်နေမိတယ်။ ကိုယ့်ကိုကိုယ်တောင် လက်ရှိရပ်တည်နေတဲ ့ဒီနေရာကပျောက်ကွယ်သွားချင်တယ်..။ တချိုု ့ဆိုသတ်သေရမလို ပြင်းထန်တဲ့ခံစားချက်တွေဖြစ်လာတတ်တယ်(တကယ်အချစ်ကြီးတတ်ခဲ ့ရင်ပေါ့)။   အဲသလိုဖြစ်လာခဲ့ပြီဆိုရင် အဓိကယုံကြည်ထားရမှာက ကိုယ့်ကိုကိုယ်ဘာသာရေးအဆုံးအမတရားနဲ ့အရင်ဖြေရပါမယ်..။ ခွင့်လွတ်သည်းခံ စိတ်ကိုမွေးပြီးမှစိတ်ထိမ်းချုပ်နိုင်တယ်ဆိုတာကိုပြသဖို ့ပါပဲ။ သိပ်တော့မခက်ခဲပါလှပါဘူး…။ ကျမတို ့ကိုရီးကားတွေ […]