ကျွန်တော်တို့နေ့စဉ်နဲ့အမျှ ပြုံးနေကြရပါတယ် ။ နေ့စဉ်ပြုံးရာမှာ အပြုံးတုတစ်ကြိမ်တော့ပါစမြဲပါ ။ လူမှုရေး ၊ စီးပွါးရေး ၊ နိုင်ငံရေးကြောင့်အပြုံးတုတွေပြုံးနေကြရတယ် ။ အပြုံးတုတစ်ခုဖန်တီးရတာ အလွန်ပင်ပန်းပါတယ် ။ ရင်ထဲကလာတဲ့အပြုံးကတော့အသက်ဝင်နေပေမယ့် အပြုံးတုတစ်ခုကို အသက်ဝင်အောင်ကြိုးစားရတာ တစ်ကယ်မလွယ်တဲ့ကိစ္စပါ ။ တစ်ဖက်လူကများ ငါ့အပြုံးအစစ်မဟုတ်တာကိုရိပ်မိသွားမလား ။ ငါပြုံးတာနည်းနေသေးလားမသိဘူး ။ ငါပြုံးတာ အိုဗာကြီးဖြစ်သွားပြီလားမသိပါဘူး ။ အဲဒီလိုခံစားချက်တွေနဲ့ဆိုတော့မသက်သာဘူးပေါ့ ။ တစ်ချို့ကျတော့လမ်းတွေ့နုတ်ဆက်ရင် နုတ်ခမ်းတွန့်ရုံးပြုံးပြနုတ်ဆက်ကြတယ် ။ တစ်ချို့ကျတော့လဲ သွားတိုက်ဆေးကြော်ငြာသလို အစွမ်းကုန်ပြုံးပြကြတယ် ။ တစ်ချို့ကြတော့ နုတ်ဆက်တာကို ပြုံးဖြီးဖြီးနဲ့ ဟဲဟဲ … တဲ့ ။ အဲလိုပါပဲ အမျိုးမျိုးအဖုံဖုံလူတွေ သတိမထားမိတာတစ်ခုတော့ရှိတယ် ။ လူတွေရဲ့ ၈၀% လောက်က ကိုယ့်ရဲ့အပြုံးးစစ်ကိုကိုယ် ပြန်မမြင်ဖူးကြဘူး ။ မြင်ဖူးသူတွေကလဲ […]