moonpoemAugust 1, 20111min20421
ရှေးခေတ် အဖိုးအဖွားတွေလက်ထက်က အဖြူအမည်းကားတွေကိုကြည့်မယ်ဆိုရင်ဧည့်သည်တွေ အိမ်လာလည် တဲ့ အခါ ရေနွေးကြမ်း ၊ လက်ဖက်၊ ထန်းလျက်နဲ ့ဧည့်ခံကြပါတယ်။ မင်းသားတွေ စိတ်ညစ်ရင် အသည်းကွဲရင် လက်ဝှေ ့ထိုးမယ်၊ အရက်သောက်ကြတယ်ပေါ့။ အဖေတို ့အမေတို ့လက်ထက်က ရောင်စုံစပေါ်ကာစ ဇာတ်ကားတွေကိုကြည့်မယ်ဆိုရင် ဧည့်သည် အိမ်လာလည်ရင် ကော်ဖီ၊အအေးနဲ ့မုန် ့ဧည့်ခံတယ်။ စိတ်ညစ်တဲ့အခါ အရက်သောက်ကြတာတော့ မပြောင်းလဲသေးပါဘူး။ အခု ကျွန်မတို ့ခေတ် မင်းသားသူငယ်ချင်းတွေနဲ့တွေ ့ရင် ကော်ဖီ လက်ဖက်ရည်သောက်တာထက် ဘီယာသောက်တာ အရက်သောက်ရင်း အမြည်းစားရင်း စကားပြောဧည့်ခံတာပိုများတယ်။ စိတ်ညစ်ရင် နိုက်ကလပ်တက်မယ်၊ ကောင်မလေးတွေ နဲ ့တွဲကမယ်ပေါ့။ ကျွန်မတို ့ခေတ်ပြီးရင်လာမယ့်နောက်ခေတ်မှာကော ……..? (ကိုယ်ပိုင်ထင်မြင်ယူဆချက်များဖြစ်ပါသဖြင့် လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါသည်)