manawphyulayAugust 6, 20131min23912
ရွာသူရွာသား အပေါင်း မင်္ဂလာနံနက်ခင်းပါရှင်။ အလုပ်မအားလို့ ရွာထဲမရောက်တာကြာပေမယ့် ရွာသူဟောင်းလို့ ယခုချိန်တိုင် မနောကိုယ်တိုင် ခံယူထားတဲ့အတွက် အမြဲသတိရနေကြောင်းနှင့် အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း အမြဲဆုတောင်းမေတ္တာပို့သလျှက်ပါရှင်။ ယနေ့မနက် အလုပ်စောစောသွားရတာဆိုတော့ ထုံးစံအတိုင်း Taxi တစ်ပတ်တစ်ရက် စုငှားဖြစ်တဲ့အလုပ်က အစ်မနှင့်အတူ ကားငှားလာပါတယ်။ မနက်ထဲက ကျက်သရေရှိစွာဖြင့် လမ်းကြောတွေ ချောင်နေပေမယ့် ဘုရင့်နောင်မီးပွိုင့်မှာတော့ ထုံးစံအတိုင်း မီးပွိုင့်မိတုန်းလေး ဂျာနယ်တွေ သတင်းစာတွေ လိုက်ရောင်းတဲ့သူဆီက ကားသမားက ဂျာနယ်တစ်စောင်ကို ၁၀ဝ နဲ့ ဝယ်လိုက်ပါတယ်။ မနောကတော့ ခုဆို ဖတ်စရာတွေ အရမ်းပေါလာတယ်နော်။ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ပလူပျံနေတော့ သတင်းတွေကတော့ ထပ်နေတယ်လို့ ပြောမိပါတယ်။ ကားသမားက သူစာစောင်ဝယ်ရခြင်းအကြောင်း ရှင်းပြပါတယ်။ ကျွန်တော်ဝယ်တာ ဖတ်ဖို့မဟုတ်ဘူးတဲ့ ကားမှန်သုတ်ဖို့လို့ ပြောပါတယ်။ ဒါဆိုရင် မသုတ်ခင် ခဏယူဖတ်မယ်နော်ဆိုပြီး […]