True AnswerDecember 1, 20111min1418
ဓမ္မမိတ်ဆွေယောဂီသူတော်စင်အပေါင်းတို့ခင်ဗျား- မူလသဲအင်းဂူဆရာတော်ကြီး၏တပည့်တစ်ဦးဖြစ်သည့် ဝိပဿနာဉာဏ်အရာမှာ ထင်ရှားကျော်ဇောသော အောင်လံမြို့ သဲအင်းဂူ တရားရိပ်သာမှ အရှင်စန္ဒိမာ(အောင်လံ) သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ကြရောက်ကာ ကမ္မဌါန်း တရား၊ ဝိပဿနာတရား များကို နှစ်ရက်တိုင်တိုင် ဟောပြောသင်ကြားပြသပေးမည်ဖြစ်ပါသည်။ ဆရာတော်သည် ရဟန်းတရားကို ကြီးမားသော သဒ္ဓါ-ဝီရိယ-သတိ-သမာဓိ-ပညာ တို့ဖြင့် အားထုတ်ထားသော ထူးခြား ထက်မြက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လေသည်။ ဆရာတော်သည် မြန်မာပြည်တွင် တရားစခန်းအဓိဋ္ဌာန်ပွဲများနှင့် မအားသည့်ကြား မှ မလေးရှားကိုအချိန်ပေး၍ လာရသောကြောင့်၊ မလေးရှားမှ တရားအားထုတ်လိုသူများနှင့် အွန်လိုင်းမှတဆင့် တရားနာကြားနိုင်သူများ အတွက် ကံထူးနေကာ တရားနာယူ တရားနားလည်ခွင့် ရှိနေပါသည်။ http://www.justin.tv/kotseikkosit မှ တိုက်ရိုက်တရားနာယူနိုင်ပါပြီ။ ——————————————————————– ဆရာတော် အရှင်စန္ဒိမာ(အောင်လံ)၏ အဓိဋ္ဌာန် တရားစခန်း အစီအစဉ် နေ့ရက် – (၀၃.၁၂.၂၀၁၁)နှင့် […]