အခုနောက်ဆုံးကြားရတဲ့သတင်းတွေအရတော့ စစ်တွေမှာ ဘင်္ဂါလီတွေသေနတ်နဲ့ပစ်လို့ စစ်သားတစ်ယောက်ဒဏ်ရာရသွားတယ် ဆိုတာကို ခိုင်ခိုင်လုံလုံသိရှိရပါတယ် ။ လုံခြုံရေးအဖွဲ့တွေက အကြမ်းဖက်သူတွေကိုပြန်လည်ပစ်ခတ်တာမျိုးမရှိပဲ မိုးပေါ်ထောင်ပစ်ပြီး ခြောက်လှန့်တာမျိုးပဲလုပ်နေတယ်လို့သိရပါတယ် ။ နောက်ပြီး အတည်မပြုနိုင်သေးတဲ့သတင်းတစ်ခုကတော့ အောင်မင်္ဂလာရပ်ကွက်မှာ အကြမ်းဖက်သူတွေလက်ချက်နဲ့ လုံခြုံရေး ရဲ တစ်ဦးကျသွားတယ်ဆိုတဲ့သတင်းပါပဲ။ ကြားရတာကတော့အရမ်းကိုစိတ်မကောင်းစရာပါပဲ ။ အဲဒီမှာစဉ်းစားစရာတစ်ခုဖြစ်လာပါတယ် ။ ဒီလောက်ဆိုးရွားနေတာကို လုံခြုံရေးတွေက ဘာလို့ပြန်လည်ပစ်ခတ်တာမျိုးမလုပ်တာပါလဲ ။ အမိန့်တစ်စုံတစ်ရာကြောင့်များလား ။ ကျွန်တော့သဘောထားကတော့ အကြမ်းဖက်လက်နက်ကိုင်သူဆိုရင် ဘင်္ဂါလီပဲဖြစ်ဖြစ် ရခိုင်ပဲဖြစ်ဖြစ် ခြောက်လှန့်လို့မရရင် ပစ်ရမှာပဲ ။ ပစ်သင့်တယ်လို့လဲထင်ပါတယ် ။ ခုလက်ရှိမှာ စစ်တွေမှာရှိနေတဲ့ရခိုင်လူမျိုးတွေကလဲ အရမ်းကိုကြောက်ရွံနေကြပါတယ် ။ ကြားရတဲ့သတင်းတစ်ခုကတော့ ထိုင်းနဲ့မလေးရှားမှာရောက်နေတဲ့ ရခိုင်လူမျိုး ၁၀၀ဝ ခန့်က ဘာပဲဖြစ်ဖြစ် အသေခံတိုက်မယ်ဆိုပြီး ပြန်လာဖို့စီစဉ်နေကြပါတယ်တဲ့ … ။ လုံခြုံရေးတွေအနေနဲ့ ထိရောက်တဲ့တားဆီးမှုမျိုးလုပ်သင့်ပြီလို့ထင်ပါတယ် ။ […]