thit minDecember 19, 20111min20523
  အဖွားပြောဘူးတဲ့ ပုံပြင်လေးပြောပြမယ်နော်။ တခါက တိုင်းပြည်တပြည်မှာ ဘုရင့်အမိန့်နဲ့ မောင်းကြေးနင်း လည်ခတ်တဲ့တယ်တဲ့။ အကြောင်းအရာတခုကို ရှင်ဘုရင်ကမေးမယ်ပေါ့။ ဖြေနိုင်ရင် အသပြာထောင်ထုပ် တောင်စမုဒ်က ပေးပြီး သူကောင်းပြုမယ်ပေါ့။ မဖြေနိုင်ရင် မြောက်စမုဒ်က သုဿန်ထုတ်သတ်စေပေါ့။ (အင်း တောင်က ကောင်းသောအရပ်ဆိုတဲ့ အယူ၊မြောက်က မကောင်းသောအရပ်ဆိုတဲ့အယူကိုရင်စည်သူရေ အဘ က ဘာများပြောဘူးလဲဗျို့၊ သီပေါမင်းပါတော်မူတုန်းကလဲ မြောက်ဖက်ကထုတ်တယ်လို့ဖတ်ဘူးတာဘဲ) အဲဒီလို မောင်းကြေးနင်းခတ်လာလိုက်တာ တနေရာလဲ ရောက်ရော တောသားလူရွယ်တယောက် က မောင်းခတ် သူတွေရှေ့ရောက်လာပြီး ဘိုးဘိုးတို့ ဝန်မင်းတို့ ကျနော် ရှင်ဘုရင်မေးခွန်းဖြေဘို့ လိုက်ခဲ့ပါရစေ ဆိုပြီး လျှောက်ထားသတဲ့။ ဒါနဲ့ မောင်းအဖွဲ့ ခေါင်းဆောင် ဝန်မင်းဘိုးဘိုးကြီးက ဒါနဲ့ မောင်မင်းက ဒီမေးခွန်းကိုဖြေနိုင်တယ်ပေါ့၊အဲလိုလား လို့မေးလိုက်တယ်တဲ့။ တောသားလူရွယ်က ဘယ်လိုလုပ်ဖြေနိုင်မှာလဲ ဗျာ၊ ကြားတောင်မကြားဖူးဘူး။လို့ […]