ကျွန်တော့ရဲ…ပို့စ်သုံးခုတောင်ပျောက်သွားပါသည်။။ ဘယ်အမှိုက်ပုံကိုလွင်ပစ်လိုက်ကြလဲမသိပါ။။ တစ်ရက်တစ်ပုဒ်တောင်မနည်းရေးထားရတာ။။ ရွာထဲကိုဝင်လာထဲက စာရေးမယ် လူမှုဘဝခံစားရတာတွေ ကိုယ်အတွေကြုံလေးတွေ စာအဖြစ် ချရေးမယ်ဆိုပြီဝင်လာတာပါ ရွာထဲကိုရောက်ရောက်ချင်းပဲ ကိုကြောင်ကြီးနဲဖိုက်တင်ချရတော့တာပဲ သူကလဲတော်တော်စွာတာဗျ ကို့အကြောင်းနဲ့ကို စာရေးပေမယ် သူကလိုက်ရန်စောင်နေတာနဲ့ သူနဲရန်ဆက်ဖြစ်တာပွဲကတော်တော်ကြမ်းတယ်။။။ ကျွန်တော်လည်းတတ်သမျှမှတ်သမျှ ပညာနဲ ဖနှောင့် ပေါက် အံကြိတ် ဆယ်နှစ်ကြိုးကုန်အောင်သုံးပြီး ဖိုက်လိုက်ရတာ သူကောမက်တွေထဲမှာတော့ ကျွန်တော်ကစစ်ဗိုလ်ကြီးဖြစ်လိုက် ရုရှားပြန်ကြီးဖြစ်လိုက် ကြံဖွတ်ဖြစ်လိုက် ထောက်လှမ်းရေး ဖြစ်လိုက်နဲ့ ရာထူးလည်းတော်တော်စုံစုံရခဲ့ပါတယ် ဒါပေမယ့် သူက ရာထူး သာပေးတာဗျ လစာကျတော့ဘယ်မှာထုတ်ရမှန်းမသိဘူး ကျွန်တော့ဆီမှာတော့ စစ်ဆိုလို့ရေစစ်တောင်ကောင်းကောင်းမရှိဘူး ဘယ်နိုင်ငံမှလဲမရောက်ဖူးဘူး ကြံဖွတ်လည်းမယုံဘူး ဒေါ်စုလဲမထောက်ခံပေါင် ကိုယ့်ဘာသာနားအေးပါးအေးနေတယ် မန်ဂေးဇက်ကိုမန်ဘာဝင်ရင်ဒေါ်စုကိုထောက်ခံရမယ်လို့ စည်းကမ်းမထုတ်ထားတော့ တစ်ချို့ မြင်တာလေးရေးရင်ပဲ ဖွတ်လိုလို ထောက်လိုလို ဗိုလ်လိုလို ။။။လိုလိုလိုလို တွေအထင် ခံရသေးတယ်။။ အမြင်ကိုရေးလို့အမှားပါရင်ရင် နားလည်သူများက မသင့်တော်ရင်ပြင်ပေးအကြံပြုဆွေးနွေး ဒီလိုထင်ထားတာ […]