ကို သာAugust 1, 20121min17713
မြန်မာနိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်တည်ရေး လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲပေးလာသော လုပ်ငန်းစဉ်များတွင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံဖျက်သိမ်းစေသည့် အစီအစဉ်၏ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံ၏လမ်းမ များပေါ်တွင် ကားသစ်များလည်း တိုးပွားလာကြောင်း ထင်ထင်ရှားရှား တွေ့နေရပေသည်။ လုပ်ငန်းများစွာတို့တွင် ဖွံ့ဖြိုးတိုးတက်လာသည့် ပြယုဂ်အဖြစ် လမ်းများပေါ်တွင် သွားလာနေသော ယာဉ်စီးရေများလည်း ပိုမိုတိုးပွားလာကြောင်း တွေ့နေရပါသည်။ မြန်မာနိုင်ငံ၏ အခြားမြို့ကြီးများထက် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် သိသာထင်ရှားအချက်မှာ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြားလာခြင်း ဖြစ်ပါသည်။ ယာဉ်ကြော ပိတ်ဆို့တတ်သည့်နေရာများလည်း ပိုမိုလာသည်ကို တွေ့ရပါသည်။ ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန်အတွက် ဂုံးကျော်တံတားများ တည်ဆောက်ရန် စီမံမှုများကိုလည်း ကြားသိနေရပါသည်။ ရန်ကုန်မြို့တော်၏ နာမည်ကြီးယာဉ်ကြောပိတ်ဆို့ရာနေရာများမှာ လှည်းတန်း လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းတစ်လျှောက်၊ ဘေလီတံတား(မြောက်ဒဂုံ) စသည်တို့ဖြစ်ပါသည်။ မကြာမီကာလတွင် မြောက်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့ […]


nwelinooDecember 13, 20101min28818
အချို့သော သူများသည် ဗေဒင်၊ နက္ခတ်၊ ယတြာ၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့၊ လက်လှည့်စသည် အထင်သေး ရှုတ်ချချင်ကြသည်။ ထိုထိုပညာရပ်တို့ အင်မတန် နက်နဲ နူးညံ့ သိမ်မွေသည့် ပညာရပ်များဖြစ်သည်။ သို့သော် ထိုပညာရပ်တို့ လောကီအရာ ဖြစ်သောကြောင့် လောကုတ္တရာအရာနှင့် မသက်ဆိုင်ပါ။ လောကီပညာရှင် ကျင်လည်ကျက်စားရ ပညာရပ်သာ ဖြစ်သည်ကို ဘာသာရေးသမားများနှင့်၊ ဘာသာရေး စိတ်ဝင်စားသူတို့ သိသင့်ပါသည်။ အကျွန်ုပ်သည် ထိုထိုလောကီရပ်များကို မဟာဘုတ်တိုင်ထူနည်းမှလွဲ၍ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်ဖူးပါ။ လောကုတ္တအရာ၌ အခြေခံလောက်သာ သိပါသည်။ ထိုသို့ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်လည်း ဖူးသည့်အတွက်၊ မတတ်ကျွမ်းသည့်အတွက် ထိုထိုပညာရပ်တို့သည် အလသမျိုးဖြစ်သည်၊ အချီးနှီးဖြစ်သည်၊ အသုံးမဝင်၊ အလိမ်အညာများဟု အကျွပ်န်ု မထင်မှတ်သလို ယူလည်း မယူမဆပါ။ […]