naywoon niNovember 17, 20101min24713
ကျွန်တော်ဒီလောကထဲကိုရောက်တော့ဆေးနဲ့တွေနဲ့မူးဝေနေခဲ့တာ…။ပြီးတော့စက်သံတွေကလည်းတစ်ဂျုံးဂျုံးတစဂျုင်းဂျိုင်းနဲ့……… ကျွန်တော်တို့တွေကိုစုစည်းနှောင်ဖွဲ့ပြီးတစ်ထုပ်စီတစ်ထုပ်စီရေးတွက်ပြီးသေတ္တာတွေထဲထည့်ခံရပါတယ်…။အဲဒိအချိန်ထိကျွန်တော်ဟာဘာကောင်မှန်း မသိခဲ့သေးပါဘူး..။နောက်တော့ရွှေ့လျားနေတဲ့စက်တွေပေါ်ပါလာခဲ့ပြီးစားပွဲတစ်လုံးပေါ်ကိုသွန်ချခံလိုက်ရပါတောတယ်..။ အဲ့ဒိနောက်တော့…. “ပါကင်တွေဖြည်ကွာ” ဆိုတဲ့အသံနဲ့ကျွန်တော်တို့ကိုစုစည်းနှောင်ဖွဲ့ထားတဲ့ကြိုးတွေကိုဖြေပစ်လိုက်ပြီးတစ်ခုနဲ့တစ်ခုမကပ်အောင်ဆွဲပွတ်ပြီးရေတွက်ချင်းခံရပါတယ်..။ ကျွန်တော့အလှည့်မရောက်ခင်မှာပဲရေတွက်နေသူရဲ့လိုအပ်ချက်ပြည့်သွားပြီးတစ်စုံတစ်ယောက်ကိုပေးလိုက်ပါတယ်..။ကျွန်တော်လည်းလောကကကြီးကိုမျက် ဝါးထင်ထင်ပထမဆုံးတွေ့လိုက်ရတဲ့အချိန်ပါ…။ကျွန်တော့ရှေ့ကကောင်တွေကတော့မုတ်ဆိတ်နှုတ်ခမ်းမွေးတွေပရပစ်နဲ့ကုလားကြီးဆီပါသွားပါပြီ။ကျွန်တော့ကို လည်းပြုံးပြီးနှုတ်ဆက်သွားကြရဲ့..။အလယ်လောက်ကပါသွားတဲ့ကောင်ကမကြာခင်မှာပြန်ဆုံမယ်လို့အော်သွားတယ်..။ကျွန်တော်တို့တစ်တွေဟာအသက်ဝင်လာ ကတည်းကအမှောင်ထဲမှာနေလာကြတာလေ….။ခုမှအလင်းရောင်ကိုရကြတာပျော်နေတာပေါ့..။ကျွန်တော်လည်းသိပ်မသန့်ပေမဲ့မွန်းကြပ်နေတဲ့အသက်ကိုဝ အောင်ရှူပစ်လိုက်မိတယ်..။ ကောင်တာကလူကကျွန်တော့တို့ကိုမရေတွက်တော့ပြန်ဘူး..။ကျွန်တော့်ထက်ကြီးတဲ့ကောင်တွေဖက်လှည့်သွားပြန်တယ်..။ဘယ်ရောက်ရောက်ကွာငါက အပေါ်ဆုံးရောက်နေတာမှိန်းလိုက်ဦးမယ်ဆိုပြီးဘာမှမတွေးမိအောင်နေပြီးငိုက်လိုက်ပါတော့တယ်..။ “ငါးသောင်းနဲ့သုံးရာနော်…တစ်ရာတန်ကတော့မရှိဘူးအမကြီးရေ…အမကတစ်ရာပေးကျွန်တော်လေးရာပေးလိုက်မယ်” “နေနေမောင်လေး….နှစ်ရာပဲပေးတော့..မင်းကွမ်းဖိုး…” “ရော့…အမ..ကျေးဇူးပဲ” ငိုက်နေတဲ့ကျွန်တော်လက်နဲ့ကိုင်တွယ်ခြင်းခံရပြီးလန့်နိုးလာပါတော့တယ်…။ငိုက်ကောင်းခြင်းမငိုက်ရလို့နဲနဲတော့ကျွဲမြီးတိုလိုက်ပါသေးတယ်..။ဒါပေမဲ့ ကျွန်တော့ဘဝမှာအဲဒါနောက်ဆုံးငိုက်လိုက်ရခြင်းပါပဲ..။ ကျွန်တော်လည်းအမျိုးသမီးကြီးနောက်ပါသွားတာပေါ့…သူအိတ်ထဲကိုကျန်တဲ့အရွက်တွေထည့်လိုက်ပြီးတော့ကျွန်တော့ကိုလက်ထဲမှာကိုင်ပြီးကောင်တာ ရှေ့ကထွက်သွားပါတော့တယ်..။ရှေ့ရောက်တော့ဆိုက္ကားစီးဦးမလားလို့မေးသံကြားလိုက်ရပြီး….. “အေး……ရော့..အမကိုဈေးလိုက်ပို့” ဆိုပြီးကျွန်တော့ကိုဆိုက္ကားသမားလက်ထဲထိုးထည့်လိုက်ပါတော့တယ်…။ဆိုက္ကားသမားကကျွန်တော့ကိုသေချာခေါက်ရိုးကျိုးသွားအောင်လက်နဲ့ဖိခေါက် လိုက်တာဟာကျွန်တော့်ခါးရိုးတွေ ဖျိုး ဖျိုးဖြစ်ဖြစ်မည်သွားပါတော့တယ်..။နောက်ကျွန်တော့ကိုသူအကျီ င်္အိတ်ထဲထည့်လိုက်ပြီးဆိုက္ကားကိုနင်းပါတော့တယ်…….။ ကျွန်တော်ဘာလဲစဉ်းစားရပါပြီ..။ခုတင်ပဲလူသုံးယောက်လက်ထဲပြောင်းသွားရပြီ..။နောက်ဘယ်နှစ်ယောက်ပြောင်းဦးမှာလဲ? ခါးလည်းကျိုးခဲ့ပြီ အဲဒိနေ့ကကျွန်တော်ဟာကိုယ်ကိုကိုယ်နှစ်ရာတန်ကြောင်း…ကျွန်တော်ထက်တန်ဘိုးကြီးတဲ့ကောင်တွေကငါးရာတန်းနဲ့ တစ်ထောင်တန်တို့ရှိသေးကြောင်းသိလိုက်ရပါတယ်။အဲဒိအချိန်ကငါးထောင်တန်မပေါ်သေးပါ..။ ကျွန်တော်ဟာတစ်နေကုန်ဆိုက္ကားသမားအိတ်ထဲမှာနေရပါတယ်..။သူ့အိတ်ထဲမှာငါးရာတန်တစ်ရွက်နဲ့တစ်ရာတန်လေးရွက်လည်းရှိသေးတယ်..။ ငါးဆယ်တန်တစ်ရွက်ကတော့ညည်းညူနေတာပဲ..။သူ့ပုံကအဖိုးကြီးပုံပေါက်နေပြီ..။ဒဏ်ရာတွေဗလပွနဲ့ပလာစတာတွေလည်းကပ်ထားသေးတယ်..။ငါးရာတန် ကတော့သိပ်အရောတစ်ဝင်မရှိလှဘူး..။ခပ်တည်တည်ပဲ..။အဲတစ်ရာတန်လေးရွက်ကတော့ဆူညံနေအောင်စကားတွေဖောင်ဖွဲနေကြတယ်..။သူတို့ရဲ့………… အတွေ့အကြုံတွေကိုပြောနေလိုက်ကြတာယုံနိုင်စရာတောင်မရှိဘူး..။တော်တော်ဆိုးတဲ့လူတွေ..။ကျွန်တော်တို့ရဲ့ကိုယ်ပိုင်နံပါတ်တွေပွတ်ကြည့်ပြီးဖဲရိုက်ကြသတဲ့..။ ပြီးတော့ငါးရောင်းတဲ့ငါးစိမ်းသည်ဆီရောက်တော့ငါးဘန်းအောက်ခြေကဖက်ရွက်အောက်ထဲထိုးထည့်တာခံရသတဲ့..။ငါးရေတွေထဲနစ်နေတာတစ်မနက်လုံးပဲတဲ့..။ ကွမ်းယာဆိုင်ရောက်ဖူးတဲ့တစ်ရာတန်ကလည်းအားကျမခံ”မင်းတို့ကဒီလောက်ပဲကြုံဖူးတာလား…ငါကမှကွမ်းယာဆိုင်ကထုံးအိုးထဲကျတာဆရာ…တစ်ကိုယ်လုံးက ိုဖွေးလို့..။အဲဒါဆိုင်ရှင်ကရေဆေးပြီးတစ်နေကုန်နေလှမ်းထားတာ………ကိုယ်ပေါ်ကိုလည်းကျောက်ခဲနဲ့ဖိထားသေးတယ်..ပြီးတော့ဆောင်းတွင်းကြီးဗျာ…”အဲဒိမှာ.. တစ်ရာတန်တစ်ရွက်ကကျန်တဲ့တစ်ရွက်ကိုတိုးတိုးလေးပြောလိုက်တာသူတိုနှစ်ရွက်ကြိတ်ရယ်နေကြပါရော……ဘာလဲမေးတော့လည်းတော်တော်နဲ့မပြောကြဘူး..။ ပြောရတာလည်းမကောင်းပါဘူး..။ညကသူတို့ိုမိန်းမပေါ့နှစ်ယောက်ကသူတို့ရင်သားထဲထိုးတည့်ခံလိုက်ရတဲ့အကြောင်းပြောနေတာ…။ဒီကြားထဲငါးဆယ်တန်အဖိုးကြီး ကလည်းတစ်မှောက်…။မင်းတို့အများသုံးအိမ်သာကရေကန်ထဲကျဖူးလို့လားတဲ့…။ကလေးတွေပိုက်ဆံထောာင်ပြီးဖိနပ်နဲ့ပစ်တာခံရဖူးလို့လားတဲ့..။မင်းတို့ကအနာ အဆာမရှိသေးတော့ပျော်နေမှာပေါ့…။ငါ့လိုတိတ်ကပ်ထားတဲ့ငါးဆယ်တန်ကတော့မပျော်နိုင်ဘူးတဲ့…..။ဘယ်နေ့လူတွေဆွဲဖြဲပစ်ပြီးလွှင့်ပစ်ခံရမလဲဆိုတာပဲစောင့်နေရ တော့တဲ့အချိန်ရောက်နေပြီ..တဲ့။။။အဲဒိနေ့ကကျွန်တော်ကလူလတ်တန်းစားအသစ်စက်စက်ဆိုတော့တော်တော်လေးပိုက်ဆံရာဝင်ပါတယ်..။ငါးထောင်တန်းတွေလည်း မပေါ်သေးဘူးလေ…။။ကွမ်းယာမှနှစ်ကျပ်ဖိုးသုံးယာခောတ်ကိုး……..အဲဒိလိုဆိုတော့ကျွန်တော့်အသက်ဘယ်လောက်ရှိပြီ လဲတွက်ကြည့်ပေါ့လေ…………လူတွေအနေနဲ့သာအသက်နှစ်ဆယ်ဆိုတာပြဿနာမရှိတာ…ကျွန်တော်တို့မြန်မာပြည်ကပိုက်ဆံအနေနဲ့ကတော့တော်တော်လေး အိုစာနေပါပြီ..။ နေဦးဗျာ…ငယ်ငယ်ကအကြောင်းပြောရတာအာတွေ့တယ်…။ကိုယ်ကအတွေ့အကြုံမရှိ..။ဒုက္ခရောက်ရတာလည်းရှိတာပေါ့..။အဲ့ဒိညကကျွန်တော်တို့တစ်သိုက်ဘယ်.. ရောက်သွားလဲသိလား..?အသုဘအိမ်ကဖဲဝိုင်းဗျ..။ကျွန်တော်ရဲ့ပိုင်ရှင်ဆိုက္ကားသမားကောင်းမှုနဲ့ပေါ့ဗျာ…….။ အဲဒိမှာဘာဖြစ်လဲသိလား..။စောစောကပြောခဲပါတယ်..။ကျွန်တော့ကိုခါးချိုးပစ်တယ်လို့….လေ..။ခုတော့ခါးတင်မဟုတ်တော့ဘူးဗျ..။ဒေါင့်ချိုးထပ်ချိုးပစ်တယ်..။ဒါတင် ်မကသေးဘူးနောက်ထပ်သေးသေးလေးထပ်ချိုးပစ်ပြီးတော့..ရှေ့ကိုပစ်ချလိုက်တယ်..။ခုလိုဆောင်းတွင်းကြီးမှာဗျာ..နာကနာ..အော်လိုလဲမရ..နဲ့..။ပြီးတော့ကျွန်တော့ ကိုပစ်ချရင်းပြောလိုက်တဲ့စကားကတော်တော်ခံရခက်တယ်..။ငါးဆယ်တဲ့လေ…..ကိုယ့်ကိုလည်းအချိုးအခေါက်ခံရသေးတယ်..။ ငါးဆယ်လိုလဲအသတ်မှတ်ခံလိုက်ရသေးတယ်..။ကိုယ့်ပိုင်ရှင်ဆိုတော့လည်းရှူံးပါစေလို့ဆုမတောင်းကောင်းပါဘူး..။ကစားနေတာကတွမ်တီဝမ်းဗျ..။ ကျွန်တော့ပေါ်ကနေဖဲချပ်တွေကကျနေတာ..။ဘာဖဲလဲကျွန်တော်က အရင်ဆုံးမြင်ရတာ…တစ်ဖဲရယ်ဂျက်ဖဲရယ်…။ကျွန်တော်ပျော်သွားတာပေါ့..။သခင်နိုင်ဖို့သေချာနေပြီ..ဟုတ်ပါတယ်..။နိုင်လိုက်တယ်..။နှစ်လှည့်သုံးလှည့်……………… ကျွန်တော့ကိုဝိုင်းထဲကမထုတ်သေးဘူး..။နောက်ကျွန်တော့ထက်အသက်ကြီးတဲ့နှစ်ရာတန်နှစ်ရွက်ရတော့မှ……လပ်ကီးလေးဆိုပြီးကကျွန်တော့ကိုနမ်းလိုက်သေးတယ်….. ကျွန်တော့ကိုလည်းသူအိတ်ထဲပြန်သိမ်းလိုက်ပါတယ်..။စောစောကချိုးထားခေါက်ထားတာတွေပြန်မဖြေပါဘူး..။ဒါပေမဲ့အပြင်မှာအေးလွန်းလို့နွေးထွေးတဲ့သူ့အိတ်ထဲပြန် […]