ည….. တိတ်ဆိတ်နေသည် ကြယ်စုံ၍ လသာသည် ထိုကြောင့် ကျွန်တော်အကြင်နာကို အရမ်းလွမ်းမိသည်။ နံရံပေါ်မှ အိမ်မြောင်တစ်ကောင်၏ စုပ်သပ်သံကြားရသည်။ ကျွန်တော် ဝေဒနာကို သနား၍ဖြစ်မည်။ အဝေးမှ သူ့ရယ်သံကိုကြားရသည် ဓါတ်ပုံထဲမှ အကြင်နာက ကျွန်တော်ကို ပြုံးပြသည်။ ကျွန်တော် နှလုံးသွေးများ လျင်မြန်စွာလည်ပတ်၍ ရင်ခုန်နှုန်းများ မြင့်တက်လာသည်။ စားပွဲပေါ်မှ စက္ကူဘူးကိုဖွင့်လိုက်သည် ကျွန်တော်ရူးသွပ်မြတ်နိုးစွာ သိမ်းဆည်းထားသော သူသုံးပြီးသား Tissue များထွက်လာသည်။ ထိုအခါ သူ၏ကိုယ်သင်းနံအချို့ကိုရလိုက်၏ ဤအချိန်တွင် အကြင်နာကို ပို၍လွမ်းမိပြန်သည်။ ကံကြမ္မာက အကြင်နာနှင့် ကျွန်တော်ကို ဝေးကွာစေခဲ့သည်။ ကျွန်တော်တို့ချစ်လျက်နှင့် ဝေးခဲ့ရ၏။ သို့သော် ဝေးလျက်နှင့်ပင် ကျွန်တော် အကြင်နာကို ချစ်နေသေးသည်။ မြားနတ်မောင်သည် ဘယ်ဆီတွင် နေမှန်းကျွန်တော်မသိ၍ မဆက်သွယ်ခဲ့ပါ။ အပိုလို၏ အချစ်ကို ဒါဖနိကရှောင်ပယ်ခဲ့၍ ဩဂုတ်လမွေးဖွားသူ(သိဟ်ရာသီဖွား)တို့ […]