ဣတိ္တ  ကဏ္ဍ (၁)ဥဩအဆင်း၊ အသံချဉ်း ၊ မ ဆင်း လင်မြတ်နိုး ရုပ်မလှသူ ၊ အဆင်းဟူ ၊ သင်ယူအတတ်မျိုး တပသီများ ၊ အဆင်းကား ၊ သူ့အားသည်းခံကျိုး ။။ အဓိပ္ပာယ်။။။။ ဥဩ၏အဆင်းကား  အသံတည်း ၊ မိန်းမတို့၏ အဆင်းကား လင်ကိုမြတ်နိုးခြင်းတည်း ၊ ရုပ်သဏ္ဍာန်မကောင်းသူတို့အဆင်းကား အတတ်ပညာတည်း ၊ရသေ့ရဟန်းတို့အဆင်းကားသည်းခံခြင်းတည်း ။ (၂)မိန်းမဥစ္စာ ၊ ဆင်းရူပါ ၊ ဝိဇ္ဇာ ယောက်ျားဘို့ ရဟန်းဥစ္စာ ။ သီလသာ ၊ မင်းမှာရဲမက်တို့။။ အဓိပ္ပာယ်။။။ မိန်းမတို့၏ဥစ္စာကားအဆင်းတည်း ။ ယောက်ျားတို့၏ဥစ္စာကား အတတ်ပညာတည်း ။ ရဟန်းတို၏ ဥစ္စာကားသီလတည်း ။ မင်းတို့၏ ဥစ္စာကား  ရဲမက်ဗိုလ်ပါတည်း။။ (၃)ရသေ့ရဟန်း […]