ဣတ္ထိ ကဏ္ဍ (၇)နှစ်ခါသုံးခါ ၊ လင်ပြောင်းလာ ၊တဖြာ ထိုဣတ္ထိ ကျောင်းပြောင်းရဟန်း ၊ ကြော့ကွင်းဆန်း ၊ လွတ်သန်းငှက်ပါသိ ဗဟုမာယာ ၊ ကလိမ်ညာ ၊ များစွာပြုတတ်ဘိ။။ အဓိပ္ပာယ်။။။။နှစ်လင် သုံးလင် ကွာပြီးသောမိန်းမ ၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသောရဟန်း ၊ ကြော့ကွင်းမှနှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသောငှက် တို့သည်မာယာများစွာပြုတတ်ကုန်၏။။ (၈)သူယုတ်မှန်ရေး ၊ ပုတ်ခတ်ပေး ၊ ယဉ်ကျေးစေရာမင်း မကောင်းမိတ်ဆွေ ၊ မဆိုချေ ၊ ခွန်းချွေ စကားရင်း မိန်းမ  မကောင်း၊ စည်းစိမ်ပေါင်း ၊ ထပ်လောင်းမအပ်နှင်း အစားမက်သူ ၊ အစာဟူ ၊ ယုတ်မူ ယဉ်ဖွယ်ချဉ်း။။ အဓိပ္ပာယ်။။။။။သူယုတ်ကိုပုတ်ခတ်သဖြင်ယဉ်ကျေးစေရာ၏ ၊ မကောင်းသော အဆွေခင်ပွန်းကို […]