(၁) “ဟေး… မောင်” အိုး။ သူ အနည်းငယ် အူမြူးသွားပြီး လက်ဖျစ် တစ်ချက်ပင် တီးလိုက်မိသည်။ အွန်လိုင်းပေါ်သို့ နတ်သမီး ရောက်လာပြီ။ ထို့နောက် သူ့လက်ချောင်းများက ကွန်ပျူတာ ကီးဘုတ် လက်ကွက်များပေါ်မှာ တဖြောက်ဖြောက် ရွေ့လျားနေတော့သည်။ “စောင့်နေတာ ကြာပြီဟ” “ဆောရီး မောင်။ မ အလုပ် နည်းနည်း ရှုပ်နေလို့ပါ” “တော်ပါ မမရာ။ မမက မောင့်ကို မချစ်ပါဘူး” “အာ…။ မောင်ကတော့ ရစ်ပြီ။ တကယ် မအားလို့ပါ ကလေးရဲ့။ စိတ်မဆိုးနဲ့နော် ချစ်တယ်” “ဟာ” အရေးထဲကျမှ Connection က ကျသွားပြန်ပြီ။ သူ စိတ်တိုတိုနှင့် အသံထွက် ဆဲရေး ပစ်လိုက်တော့ အနားရှိစက်မှ ကောင်မလေးက ဘုမသိ ဘမသိ […]


““ ရိုးမတောင်ညို ခြားဗျာယ် ထား…သဘာဝအလှအပ စိမ်း လန်းစိုပြေနီ…သာစွရက္ခတွင်ရေ လခြမ်းမြီ…ငရို့ချစ်တဲ့အဖရခိုင် ပြည်…”” မနက်စောစောစီးစီး အိပ်ရာ ကနိုးနိုးချင်း ကျွန်တော့်ညီတွေဖွင့် ထားသည့် ကက်ဆက်ထဲမှ ရခိုင်အ ဆိုတော် ခိုင်ကျော်လင်း၏ သီချင်း သံက နားထဲရောက်လာသည်။ တေးသံကို နားထောင်နေ ရင်း နှင့်ပင် ဇာတိမြေကို လွမ်းစိတ် က ရင်ထဲသို့မရမက တိုးဝင်လာ သည်။ ဇာတိမြေ ၊ ချက်မြုပ်ရာမြေ ၊ မွေးဖွားကြီးပြင်းရာမြေ။ ကျင်လည် ကျက်စားခဲ့ရာမြေ။ အလွမ်းစိတ်က ရင်ဝကိုတိုးဆောင့် သည်။ ဇာတိမြို့လေးမှခွဲခွာလာပြီး ကတည်းက အလည်တစ်ခေါက် ပင်မပြန်ဖြစ်တာ ယနေ့အထိဖြစ် သည်။ ရန်တွေကုန်သွား၍ ရန်ကုန် ဟု အမည်သမုတ်ထားသည်ဆို သော ရန်ကုန်မြို့ကြီးမှာပင် ရှာဖွေလုပ်ကိုင်စားသောက်ရင်း တဝဲဝဲလည်ဖြစ်နေခဲ့တာ နှစ်အတော် […]


ကြက်အိပ်ကြက်နိုး ဘယ်လိုမှအစိုးမရတဲ့ညထဲ တကွဲတပြားဝတ်ပြုသံတွေနဲ့ အာဖဂန်နစ္စတန်။ ဆာလောင်မှုကို မျက်လုံးမွဲမွဲတွေနဲ့ဖော်ပြ သူ တစ်စုံတရာကိုနာကျင်ရေရွတ်။ အဖေ ဘယ်သွားနေလဲ အမေ ဘယ်ရောက်နေလဲ တိုက်ပျက်ကို အိမ်လုပ် လူရုပ်မပေါ်တဲ့ကလေးလေး နွေးထွေးမှုနဲ့ဝေးခဲ့။ မာသာထရီဆာဆိုတာ ဘာလဲ ဂျိုလီနဲ့ ဘရက်ပစ်ဆိုတာ ဘာလဲ ဟယ်ရီပေါ်တာဆိုတာ ဘာလဲ ဟစ်ပ်ဟော့ပ်ဆိုတာ ဘာလဲ ကမ္ဘာ့ဖလားဆိုတာ ဘာလဲ ဘန်ကီမွန်းဆိုတာ ဘာလဲ အိုဘားမားဆိုတာ ဘာလဲ ယူနီဆက်ဖ်ဆိုတာ ဘာလဲ အင်တာနက်ဆိုတာရော ဘာလဲ……? ? ? ? ? ? ဒီမှာတော့ တစ်ထောင့်တစ်ညဟာ ပုံပြင်မဟုတ်ဘူး လူတွေက ဘာလို့လူသတ်နေကြတာလဲ သား ဘာအပြစ်များလုပ်မိလို့လဲ သေနတ်သံတွေမကြားရတဲ့မြက်ခင်းပြင်မှာ သား ကစားချင်တယ် တစ်နေ့လုံး ဘာမှမစားရသေးဘူး အနာတွေကလည်း တစစ်စစ်ကိုက်တယ် သားသားကိုကယ်ပါ […]


(၁) ဆောင်းဦးနံနက်ခင်းက ကိုယ်ပိုင်ရနံ့နဲ့ ရှင်းသန့်နေတယ်။ မြို့လေးရဲ့ လူအစည်ကားဆုံး လက်ဖက်ရည်ဆိုင် ထဲမှာပါ။ ရှုပ်ထွေးဆူညံနေတဲ့ စားပွဲဝိုုင်းတွေကြား….ကျွန်တော်တို့ဝိုင်းက ကျယ်လောင်ထင်ရှားနေရဲ့။ ထုံးစံအတိုင်း တစ်ခုခုကိုငြင်းခုံးနေကြတဲ့ ကျွန်တော်တို့ထဲမှာ ကျွန်တော်ရယ်၊ မိတ်ဆွေကဗျာဆရာရယ်၊ ပန်းချီဆရာရယ်၊ တေးရေးဆရာရယ် ပါဝင်ကြတယ်။ ဒီနေ့ငြင်းခုံနေကြတာကတော့ ပင်လယ်ကိုဗဟိုပြုပါတယ်။ ဘာရယ်တော့ မဟုတ်ဘူး။ ရာသီအေးအေးကြီး ထဲမှာ တောင်စဉ်ရေမရ လျှောက်ပြောနေမိကြတာပါပဲ။ ဟိုရောက်လိုက်၊ ဒီရောက်လိုက်ပေါ့။ ပထမတော့ ဒီလိုဆောင်းမနက်အေးအေးမှာ ပင်လယ်ပြင်က ပြန်ဝင်လာကြမယ့် “ဆန်တီယာဂို” နဲ့ သူမိလာတဲ့ ငါးကြီးအကြောင်းရောက်သွားတယ်။ ပန်းချီဆရာက ပင်လယ်ရဲ့ အရောင်ဖွဲ့စည်းပုံတွေကို ဖောဖောသီသီဝင်ပြောတယ်။ ကဗျာဆရာကလည်း သူရေးထားတဲ့ “ ပင်လယ်မြို့လေးရဲ့ အကျင်္ီ” ဆိုတဲ့ ကဗျာကို ဝေဝေဆာဆာကောက်ရွတ်တယ်။ တေးရေးဆရာကပါ အားကျမခံ “ရွှေပင်လယ်ကြီး” သီချင်းကို ထညည်းတယ်။ အဲ့ဒီလို…၊ […]


နှုတ်ခမ်းနီဆိုးဆေး တစ်ရာဖိုး အလယ်အလတ်စားမိတ်ကပ် နှစ်ရာဖိုး လက်သည်းနီ ငါးဆယ်ဖိုးခန့်နဲ့ လက်သည်းတစ်စ ပဲ့ပါသွားရခြင်း အဖြစ်အပျက်ဟာ ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျောရိုးတစ်ထပ်တည်း။ အမိုးအကာ ၊ ခန်းဆီးလိုက်ကာ ၊ လေပန်ကာကအစ ကာကွယ်ရေးပိုင်းကိစ္စ္စရပ်တွေမှာ စံပယ်ပွင့်ဖတ်မလေးဟာ ခွဲစိတ်ခန်းကိုကျွမ်းကျင်တယ်။ မုတ်ဆိတ် ၊ ဂေါ်လီ ၊ ဆီလီကွန်နဲ့ လမ်းဘေးဆေးစား ဘီယာသမားတွေကို ရှောင်တိမ်း ညက အစိမ်းမဟုတ်ပေမယ့် မိန်းမောမှုရသမှာ စံပယ့်ရင်အုံဟာ ဟောဟောထ မြူးကြွတဲ့တေးတစ်ပုဒ်လောက် ပါလိုက်ရင်ပဲ ဝတ်လစ်နဲ့ စလစ်ဟာ ပူးတုံခွာတုံ ဖြစ်နေရသူ။ စံပယ်ပွင့်ဖတ်မ ဟာ ၄၅ မိနစ်တစ်ခါ ကော်ဖီသောက်တယ် ဘဝရဲ့ ခါးသက်သီးအတိတ်တွေကို မေ့ထားတယ် ဘတ်စ်ကားစီးပြီး တက္ကစီတားတယ် အမှောင်ကြိုက်ပြီး အခန်းမီးဖွင့်တယ် “ဘားလမ်းမှာမဟုတ်တော့ဘူးရှင့်….. ၃၈ လမ်းပြောင်းသွားပြီ…. ပန်းဆိုးတန်းမှာလည်းရှိတတ်တယ် ရှင်အားရင်လာခဲ့ပါဦး´´ […]


ကြေးမုံပြင်ကို ကြည့်နေရင် ဘယ်တော့မှ အမှန်ကိုမြင်ရလိမ့်မယ် မဟုတ်ဘူး။ မြုံနေတဲ့ အခွင့်အရေးတကြော အတွေးတွေ ဆူပွက်အော်ဟစ် မက်လုံးပေးထားတဲ့ ရှိုက်ဖိုကြီးငယ်တွေကြား တစ်စစ နစ်မြုပ် ည အပြာကြီးထဲ တို့တွေ ဘာများ ဟုတ်ခဲ့ရလို့လဲ။ ငေးလိုက် ပန်းကုံးစွပ်ပွဲတော်ကြီးကို ငေးလိုက် သံချေးတက်နေတဲ့ သော့တွဲအဟောင်းနဲ့ လူကြီးမင်းကို ငေးလိုက် ချော့မြူသံတလူလူနဲ့ မစ္ဆေရိယလက်တွေကို ငေးလိုက် ဘာမှ ဘေးဝင်မပြောဘဲ ငေးပြီးရင်း ငေးလိုက် ပြီး ….. မောလိုက်။ နောက်ကျနေတဲ့ အိပ်မက်ဆိုးအလယ်မှာ မိုးချုန်းသံနဲ့ မီးခိုးငွေ့တွေ နီစွေးသွားတယ် အစိမ်းရောင် ကျောက်တိုင်အိုတွေ အစိမ်းရောင် ကန့်လန့်ကာတွေ အစိမ်းရောင် မုသာဝါဒါတွေ သံဆည်းလည်းခတ်သံ တချွင်ချွင်ကြား ခေါင်းပေါင်းစ တလွှားလွှားနဲ့ ရှေ့ကြည့် နောက်ကြည့်။ ရိပ်သာထဲမှာ တရားရှာသူတို့ရဲ့ အိမ်မပြန်အလွမ်းများက […]


ကိုယ့်အကြောင်းကိုယ်တွေးပြီး ကိုယ့်ကဗျာ ကိုယ်ရေးပါတယ် ကိုယ့်သမိုင်းကိုယ် ပြန်ငေး ၊ လှမ်းငေး ငေးမောနေရတာများနဲ့တင် ဘယ်သူ့သမိုင်းကိုမှ မဖတ်အားခဲ့။ ယုန်မြင်တိုင်းခြုံထွင်ဖို့ကလည်း ခက်တယ် ချစ်ပါ ညီမလေးရဲ့ ချစ်တတ်ပါ ကမ္ဘာကြီးရဲ့ စိတ်နဲ့ လူနဲ့ တစ်မြေစီ ဝေးကွာမှုဆက်တင်မှာ အိမ်အပြန်ခြေလှမ်းတွေလည်း မခမ်းမနား…. သနားစဖွယ်။ အလဲလဲ အပြိုပြို မျက်လုံးဖွင့်တိုင်း နေညိုနေတာတွေ့ရ တွေ့ရဖန်များတော့ နှလုံးသားက ညှစ်အားကောင်းလာတယ် အလွမ်းတရားက ဘယ်လိုမှ နားချမခံတော့ဘူး။ လိပ်စာပျောက်နေ့ အချစ်ငတ်ည…… မပြယ့်တပြယ် သနပ်ခါးရနံ့ကလေး လှိုင်းပင်လယ်နဲ့ဝေးပါစေ။ သတိတရ စာအိတ်အညိုတွေ တဖွဲဖွဲ အဆီအဆိမ့်လွန်ကဲနေတဲ့ ဆောင်းက ပွဲတော်ကြီးကို ပုခုံးပြောင်းတင်လိုက်တယ် “ဟေးးးး……………………..´´ ကိုယ့်အကြောင်းကိုယ်တွေးစမ်း ကိုယ့်ကဗျာကိုယ်ရေးစမ်း။ ပြန်မလာတဲ့ ပဲ့တင်သံတွေ တိမ်ထုကြားမှာ တငွေ့ငွေ့။                   ။ ဥက္ကာကိုကို(သံတွဲ) (သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ […]


(က) အခုလိုမိုးလေးတစ်ဖြောက်တစ်ပေါက်ရွာချလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ရန်ကုန်ရွှေမြို့တော်ကြီးဟာ လမ်းတွေပေါ်ကို ရေတွေ အန်တင်လိုက်တော့တာပါပဲ။ ခြေမျက်စိလောက်၊ ခြေသလုံးလောက်၊ ဒူးလောက်တော့မြုပ်တဲ့မြောင်းပုပ်ရေတွေကြားမှာ လူတွေဟာ ထီးရောင်စုံမလုံ့တလုံ ဆောင်းပြီး တဖျစ်တောက်တောက် လမ်းလျှောက်နေကြရဲ့။ အမျိုးအစားအသီးသီးသောကားတွေဟာလည်း မိုးနဲ့ရေကြားမှာ တဂျစ်ဂျစ် တဗြီးဗြီးအော်ဟစ်လို့။ ရန်ကုန်မိုးဟာ ဒီနှစ်မှာ ခွင့်ရက်မရှိ၊ မနားမနေ ရွာစွေနေခဲ့လေတယ်။ တစ်ခါတလေတော့ တိမ်တိုက်တွေကြားက ခါးသက်သက် အရည်တချို့လည်း သွန်ကျလာတတ်တယ်ပေါ့။ လူတွေဟာ ကားမှတ်တိုင်တွေဆီမှာ၊ ဘတ်စ်ကားတွေပေါ်မှာ၊ အထူးယာဉ်လိုင်းတွေပေါ်မှာ၊ ရထားတွဲကြီးတွေထဲမှာ၊ ငါးပိသိပ် ငါးချဉ်သိပ်ပုံစံမျိုးနဲ့ တိုးဝှေ့ပြည့်ညှပ်နေကြရဲ့။ ဒီလိုနေ့မျိုးတွေမှာ အိမ်ထဲမှာပဲရှိနေကြမယ့် လူတန်းစားတချို့ကတော့ ကိုယ်နှစ်သက်ရာတေးသွားလေးတွေနဲ့ မိုးစက်တို့ရရဲ့နရီကို ခံစားလွမ်းမောနေကြလိမ့်မယ်။ အဖိုးကြီးတစ်ဦးက ““တိမ်တမာန်xxxအိုအဆွေxxxတို့များရွှင်လန်းxxxပုလဲပန်းကိုချွေ”” စသဖြင့်။အပျိုကြီးတစ်ဦးက ““သည်းသည်းမည်းမည်းရွာလိုက်မယ်တဲ့ဟန်ကိုဆင်xxxအဖော်နဲ့ဝေးတဲ့သူမှာxxxအဆွေးသာပိုချင်”” စသဖြင့်။ လူလတ်ပိုင်းတစ်ဦးက ““ဒီလိုမိုးသည်းထဲမှာxxxနှုတ်ဆက်ထွက်ခွာ..ရီဝေတဲ့အကြည့်ကိုxxxနာကျင်စွာခံယူရင်းxxမျက်ရည်စီးကျလို့”” စသဖြင့်။ လူငယ်လေးတစ်ဦးကတော့ ““မိုးရွာတဲ့ရက်ကိုချစ်ရင်မိုးရာသီမှာလှမ်းလာခဲ့…စောင့်နေတုန်း…သုံးရာသီလည်းတိုင်ခဲ့ပြီ… လျှောက်လို့မဆုံး…ငါ့ခြေထောက်တွေယိုင်နဲ့ပြီ”” စသဖြင့်။ အဲဒီလိုခံစားမှုကလေးတွေကိုယ်စီနဲ့ […]


တီရှပ်ကြိုက်တယ် ထမီမဝတ်တတ်ဘူး အီမိုဆံပင်ထားတယ် အလုပ်မရှိသေးဘူး …. ဆိုပေမယ့် စကြဝဠာထဲ ငါနှစ်သက်တဲ့ ကြယ်တစ်ပွင့်ဟာ နင်ပဲမိတာရာ……။ ခေတ်ပေါ်ဘလော့ဂါဘဝနဲ့ ခေတ်ပေါ်ကဗျာတွေကြား နင့်ကမ္ဘာမှာ နင်သားနားတယ်။ နှစ်နှစ်ဆယ်ကျော် တေမိဇာတ်ခင်းနေတဲ့ ချစ်ဖေဖေနဲ့ ချစ်မေမေတို့အလယ်မှာ နင်ဟာ……… ဓားစားခံလား မြေစာပင်လား။ အသားဖြူပြီး အသက်ကြီးသူကိုကြိုက်တယ် သူနဲ့ကျွန်မ အက်ဆေးကိုရေးသားတယ် လေးဖက်နာနဲ့ နှလုံးရောဂါရှိပေမယ့် အိုင်စီရှိုးပွဲတွေ မလွတ်တမ်းကြည့်တယ် ရာသီဦးတွေမှာ ကိုယ့်အဖူးနဲ့ကိုယ်ဝေဆာတယ် ပွင့်လင်းစွာနဲ့ နင်ရိုးသားနေခဲ့။ မပေနဲ့မတေနဲ့ မိတာရာ…… ကျားရဲတွေဟာ သက်သက်လွတ်မစားဘူး မြေခွေးတွေဟာ ဥပုသ်မစောင့်ဘူး ဖျံတွေဟာလည်း ဒုတိယနဲ့ စတုတ္ထသီလကိုမမြဲဘူး နင်နဲ့ငါကတော့ ငါးပါးမြောက်သီလကို စိတ်တူကိုယ်တူချိုးဖောက်ကြ။ ဘဝဟာ ခဏပါဆိုပေမယ့် ခဏဟာ တစ်ဘဝစာဖြစ်တယ်။ ပြန်ပေးဆွဲခံထားရတဲ့ မိသားစုနွေးထွေးမှုကို အဘယ်ရင်ကြားစေ့မှုနဲ့ ပြန်ရွေးနိုင်ပါ့မလဲ နင့်မြင်ကွင်းထဲမှာ ကောင်းကင်ကအပြာရောင်။ […]