မျက်မှန်လေးနဲ့…ကိုယ်တော်.။။။ မိုးကလဲ အကျင့်မကောင်း တလမ်းလုံးကားမောင်းလာတာမရွာ ကမ္ဘားအေးဂမုန်းပွင့် ရှေ့ ကားရပ်ခါမှ ဝုန်းဒိုင်ကျဲ ဆော်ပလော်တီးတော့တာပဲ ဒါနဲ့ အသိတစ်ယောက် ရှိတဲ့ မျက်မှန်ဆိုင်လေးထဲ ပြေးဝင်လိုက်ရတယ် ။။ ““အကို ဘယ်ကမျက်စိလည်လာတာလဲ”” ““ဒီနားခဏလာတာပါဟာ မိုးရွာလို့ကွမ်းယာလဲစားချင်းတာနဲ့ ကွမ်းဝယ်ဖို့လာရင်းနင့်ဆိုင်မိုးဝင်ခိုဖို့ရောက်လာတာပဲ”” ““အော်..တော်တော် ရည်ရွယ်ကြီးမားစွာနဲ့ လာလည်တာပဲနော်”” ““လာလည်တာပဲ ကံကောင်းတယ်မှတ် ဒီတစ်လလုံး ယားလို့တောင်မကုပ်အားတာ နှစ်ပါတ်လောက်ရှိနေပြီဟ”” ဒီလိုနဲ့ပဲ အလာပ သလာပပြောရင်း ကျုပ်လဲ မိုးတိတ်အောင်စောင့်မယ်ပေါ့  ဟိုအကြောင်းဒီအကြောင်းပြောရင်းက မိုးရွာနေတဲ့ကြားက ချာတိတ်တစ်ယောက် ဆိုင်ထဲဝင်လာတာ တွေ့လို့ အသာကြည့်နေမိတယ်..။။။ ကောင်လေးက တက္ကသိုလ် ကျောင်းသားလေးပါပဲ သူဝတ်ထားတဲ့ အောက်ကပုဆိုးအပြာ အင်္ကျီအဖြူလေးကိုကြည့်ရင် သိသာပါတယ် သူမျက်နှာမှာ အတန်ငယ် ရှက်နေဟန်ပေါ်ပြီး မျက်မှန် တွေထည့်ထားတဲ့ မှန်ရှိုးကေ့စ် တွေကိုလိုက်ကြည့် နေပါတယ် ဆိုင်ရှင်အသိက…… […]