မြန်မာ့ စီးပွားရေးနယ်ပယ်စုံမှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးကို အင်အားကြီး ခြေကုပ်ယူမိထားတဲ့ ကုမ္ပဏီကြီးတစ်ခုရှိတယ်ဗျ.. ကျုပ် ဦးလေး စစ်သားကြီးတွေ ချွေးနဲစာတွေနဲ့ မတည်ထားတဲ့ ကုမ္ပဏီ၊ ဦးတို့ ပိုင်တဲ့ ကုမ္ပဏီ ဆိုပါတော့ဗျာ.. ကုမ္ပဏီကြီးက ရတဲ့ အကျိုးအမြတ်တွေကို ဟိုလူကြီးမင်းသွားမယ့်လမ်းတိုင်းမှာ လုံခြုံရေးကင်းစောင့်ပေးရရှာတဲ့ ကျုပ်ဦးလေးတွေ ဘယ်လိုခံစားရတယ်တော့မသိ.. ဟိုးထိပ်စည်းက အကောင်ကြီးကြီးတွေကတော့ အခွင့်အရေးဟူသမျှ သူရို့လက်ထဲဆိုတော့ ပြောရမှာတောင် မကောင်းပါဘူး.. အကောင်ကြီးတွေ သားသမီး ကလပ်မှာ တခါသုံးဟာ လုံခြုံရေးယူနေတဲ့ ကျုပ်ဦးလေး လစာရဲ့ ဆယ်ဆတောင် က ပါ့မလားရယ်. (ဘုန်းဖုရားကြီးသူများတော့ နား သွားတာတောင် နိုင်ငံတော် ဘတ်ဂျက် ထဲက နှိုက်သုံးနေတုန်း.. မရှိတဲ့ သူတွေ ကျလို့) ပြောရရင် ကျုပ်ဦးလေးတို့ပိုင်တဲ့ ကုမ္ပဏီကြီးက နိုင်ငံစီးပွားရေးမှာ ကင်ဆာအမြစ်တွယ်ပြီး အသွေးအသား […]