fattyDecember 28, 20111min19827
ကျနော်ကတော့မြို့ပြမှာ မွန်းကြပ်လာပြီဆို ရန်ကုန်နားက ရွာနီး ချုပ်စပ်မှာသွားပြီး တောကလက်ဘက်ရည်ဆိုင်လေးတွေ တကူးတကသွားပြီးထိုင်လေ့ရှိပါသဗျ.။ တညင်ဘက်သွားရင်သွားတယ် …။ ဧရာဝတီတိုင်းတခွင်လှည့်ရင်လှည့်တယ် ..။ အခုတော့ရွာမြင်ကွင်းတွေကလဲပြောင်း ရွာဓလေ့တွေကလည်းပြောင်းကုန်တာ သတိထားမိပါရဲ့။ ရွာတွေမှာ လသာလို့ထုတ်စီးတိုးတန်းမကစားကြတော့ပါဘူးခင်ဗျား အကုန်လုံး ကိုရီးယားကားရှေ့ရောက်ကုန်ကြပါပြီ။ ရွာဓလေ့ ကွပ်ပြစ်နဲ့ ရေနွေးကြမ်းဝိုင်းတောင် ပျောက်ချင်တင်တင်ဖြစ်နေပါပကော ….။ ရွာကလေးတွေ ပုဆိုးကွင်းသိုင်းနဲ့ဂွေလှိမ့်တုန်းမှတ်ပါတယ် ဘယ်ဟုတ်လိမ့်မတုန်း .. ရွာမှာဖွင့်ထားတဲ့ တဆိုင်တည်းသော ဂိမ်းဆိုင်မှာ ကြိတ်ကြိတ်တိုးနေကြလေလေရဲ့။ စဉ်းတော့စဉ်းစားမိပါတယ် ဒီကစ္စက ကျနော်တယောက်ထဲမြင်နေရုံနဲ့မပြီးဘူး အများကဝိုင်းဝန်းပြီးစဉ်းစားကြရမဲ့ကိစ္စပါ။ နိုင်ငံတော်ကပါ စဉ်းစားရမဲ့ကိစ္စပါ ..။ တလောက ပန်းတပွင့်တောင်ဘက်ရောက်ဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးတခုဝင်ကြည့်ရင်းကနေ ကလေးတွေပညာသင်နေပုံလေးတွေဝင်ကြည့်ဖြစ်ပါတယ်။ ဘာတွေ့ရလဲဆိုတော့ သင်တဲ့ဆရာက အင်္ဂလိပ်စာအသံထွက်တွေမှားနေတယ် ..။ ကျနော်လဲမနေနိုင်ဘူး ဆရာကိုခေါ်ပြီး ဆွေးနွေးယူရတယ်။ နယ်မှာသင်တာဆိုတော့ဒီလောက်တော့ရှိမှာပေါ့လေ ..။ အဲဒီကျောင်းအတွက်လိုအပ်တဲ့စာအုပ်စာတန်းတွေ ဆရာကိုင် အတွက်ပေါ့ လှူခဲ့ပါတယ် […]