ဆူးOctober 9, 20101min1024
ရင်နှင့်ဖွယ် ဖြစ်ရပ်ကလေးတစ်ခု ။ ။ ၇.၁၀.၂၀၁ဝ (ကြာသပတေးနေ့) နံနက် (၉း၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်နေကွယ်လွန်သူဒေါ်အုုံးရီအသက် (၆၇)နှစ် နှင့် သားဖြစ်သူဦးခင်ဦးအသက်(၄၈) နှစ်တို့၏ ရုပ်အလောင်းများကိုနာရေးကူညီမှုအသင်း(ရန်ကုန်)က အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အသင်းသားများ၊ ဝန်ထမ်းများမှ နိဗ္ဗာန်ယာဉ် (၂) စီးဖြင့် သွားရောက် သယ်ဆောင်ကာကျီစုသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ သားဖြစ်သူဦးခင်ဦးသည် TB ရောဂါဝေဒနာရှင် တစ်ဦးဖြစ်သည်။ ဦးခင်ဦးသည် နာတာရှည် ရောဂါဝေဒနာကို ခံစားနေခဲ့ရာမှ လွန်ခဲ့သော (၅) ရက်ခန့်က သတိမေ့မျောနေကာမိခင်ကြီးဒေါ်အုံးရီ မှ အနီးကပ်ပြုစုစောင့်ရှောက်လျှက်ရှိသည်။ ဇနီးဖြစ်သူသည် ကလေးငယ် (၂) ဦးနှင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား၍ ရှာဖွေပေးနေသူတစ်ဦးဖြစ်သည်။ မိခင်ကြီးဒေါ်အုံးရီသည် ၆.၁၀.၂၀၁ဝ ရက်နေ့က သားဖြစ်သူအား ရက်ရှည်ပြုစုစောင့်ရှောက်ပေးခဲ့ရသော်လည်း သားဖြစ်သူဦးခင်ဦးသည် သတိပြန်လည်ရရှိခြင်းမရှိသဖြင့် မိခင်မေတ္တာ၊ […]