မမေလးMay 18, 20111min1406
တရုတ်နိုင်ငံ စီချွမ်ခရိုင်မှာ အမျိုးသမီးတစ်ဦး က ဦးခေါင်းနှစ်လုံးနဲ့ မိန်းကလေးတစ်ဦးကို ထူးထူး ခြားခြားမွေးဖွားပေးခဲ့ပါတယ်။ ဦးခေါင်းအမြွှာနဲ့မွေးဖွား လာတဲ့ သမီးငယ်လေးဟာ ခန္ဓာကိုယ်တစ်ခုတည်းမှာ ဦးခေါင်းနှစ်လုံး၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ချောင်း ပါရှိခဲ့တယ်လို့ မွေးဖွားပေးတဲ့ဆရာဝန်တွေရဲ့အဆိုအရ သိရပါတယ်။ ဒီလိုခန္ဓာကိုယ်တစ်ခုတည်းမှာ ဦးခေါင်း နှစ်လုံးပါရှိမွေးဖွားလာတဲ့လက္ခဏာကို ဆေးပညာအခေါ် အဝေါ်အရ Dicephalic Parapagus လို့ သိရပါ တယ်။ ဒါဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အမြွှာ လက္ခဏာလည်းဖြစ်ပါတယ်။ ဒီလို Dicephalic Parapagus ပေါင်းစည်းနေတဲ့ အမြွှာပုံစံမျိုးဟာ ခန္ဓာကိုယ်တစ်ခုတည်း ရှိနေတဲ့အတွက် သီးခြားစီခွဲထုတ် ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါ တယ်။ ဒီလို ခန္ဓာကိုယ် တစ်ခုမှာ ဦးခေါင်းနှစ်လုံး ပါရှိတဲ့ အမြွှာမွေးဖွားခြင်း ဟာ မျိုးဥဆဲလ်တွေဟာ အပြည့်အဝ ခွဲထွက်နိုင် ခြင်းမရှိတဲ့အတွက်ဖြစ်ပါ […]