ဦးကျောက်ခဲတို့ ကျောင်းသားဘဝက ကွင်းဆင်းရတာ့မယ်ဆို ပျော်လည်းပျော်တယ် စိတ်လည်းပိန်တယ်ခင်ဗျ ။ ပျော်တယ်ဆိုတာက ကျောင်းနေဘက် ဘော်ဒါတွေတလှေကြီးနဲ့ လွတ်လွတ်လပ်လပ်ခရီးထွက်ရတာရယ် ၊ မရောက်ဖူးတဲ့ တောကြိုအုံကြား သွားရတာရယ်ကြောင့်ပါ ။ ညဘက်ဆို ဆရာတွေမသိအောင် ခြင်ထောင်တွေ ပိတ်ကာပြီး အံစာခေါက် ဖဲခိုးရိုက်လို့ရတာလည်း ပါတာပေါ့လေ ။ စိတ်ပိန်တယ်ဆိုတာကတော့ အထွေအထူးပြောစရာမလို အနေအစား ဆင်းရဲလို့ခင်ဗျ ။ ယောက်ျားလေးမို့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ရတာ ထူးထူးထွေထွေ ကိစ္စမရှိလှပေမယ့် ဝါးတီးမကောင်းတာတော့ အတော် ဆယ့်တစ်ကျပ်ကျဖို့ကောင်းတဲ့ အမှုဗျို့ ။ လူတွေက တနေကုန် ပင်ပင်ပန်းပန်း ကွင်းဆင်း ကျောက်နမူနာရှာ သယ်ရပိုးရတဲ့အထဲ ခါနာမဂွဒ်ရင် ရူပါက မလန်းဘူးလေ ။   ကွင်းဆင်းရိက္ခာ ဆိုတာကလည်း ရန်ကုန်က ဝယ်ပြီးသယ်လာတဲ့ ဘဲဥသေတ္တာလိုက်နဲ့ ညောင်ပင်လေးဈေးက ငါးကွမ်းရှပ်ခြောက် […]


ဦးေက်ာက္ခဲFebruary 23, 20151min33041
ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…   အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ… အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။   […]


ဦးကျောက်ခဲ ရန်ကုန်ကို အလုပ်ကိစ္စပဲပြန်ပြန် အလည်အပတ်ပဲပြန်ပြန် ၊ ပြန်လာမယ် သတင်းကြားရင် အပျော်ဆုံးက ဦးကျောက်ခဲရဲ့ တူမ ၂ယောက်ပါ ။ “သမီးတို့ ဘာမှာမလဲ” မေးလိုက်ရင် ဖုန်းဖိုးသာ စီးပွါးပျက်အောင် ကုန်သွားမယ် သူတို့မှာနေတာက မပြီးသေးပါဘူး ။ မိန်းခလေးတွေမို့ အဝတ်အစားနဲ့ အလှကုန်မှာလိမ့်မယ်ထင်ရင် မှားကြပါလိမ့်မယ် ။ သူတို့အမေ ကျောက်စ်နှမက သူ့သမီးတွေကို အရွယ်မတိုင်ခင် အဝတ်အစားနဲ့ အလှမက်မှာစိုးလို့တဲ့ဗျာ… ဘာမှမဆင်လေတော့ သူတို့မှာ ဘာမှာရမှန်းမသိ မုန့်မျိုးစုံသာ တွင်တွင် မှာကြတာပါ ။ ခလေးတွေကို မုန့်ရောဝယ်မကျွေးဘူးလားလို့ မေးရင် ၊ “ဟင့်အင်း…”လို့ ရှက်ရှက်နဲ့ ဝန်ခံရမှာပါပဲ…။ သူတို့အမေက ထမင်းဟင်းသာ စားသောက်ဆိုင်မှာ တစ်လတစ်ခါလောက်ဝယ်ကျွေးတာ ၊ သွားရည်စာကြတော့ ဝယ်ကျွေးခဲတယ်ခင်ဗျ ။   […]


ဦးေက်ာက္ခဲSeptember 2, 20132min47749
မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…   တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]