etoneJuly 6, 20101min782
ရှေးလွန်ခဲ့ပြီးသောအခါက တရုပ်ပြည်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေး ဖြစ်ပါသည်။ ဤ အဖြစ်မျိုးကို လူသားမှန်လျှင် ကြုံတွေ့ရမည့်သူချည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ နှင့် မာနတို့ကြောင့် ဖြစ်ပါသည်။ ဤ လောဘ၊ ဒေါသ၊ ဣသာ၊ မစ္ဆရိယ တရားတို့ကား လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးအတူတူချည်း ဖြစ်၏။ လီလီအမည်ရှိ မိန်းကလေးသည် အိမ်ထောင်ရက်သားကျပြီး မိဘအိမ်မှခွဲခွာကာ ယောင်နောက်ဆံထုံးပါပြီး လင်ယောက်ျားဖြစ်သူနေအိမ်သို့ လိုက်ပါခဲ့ရသည်။ ထိုအခါ ချွေးမနှင့်ယောက္ခတို့ မတည့်မြဲဖြစ်သည့် ကမ္ဘာ့ နိယာမတရားအတိုင်း လီလီနှင့် ယောက္ခမ အမကြီးမှာ တစ်ဦးနှင့်တစ်ဦး တဇောင်းကြီးနှင့်မျက်ချေး ဖြစ်လာ ခဲ့သည်။ လီလီနှင့် သူ့ယောက်ျား၏ အမေဖြစ်သူမှာ နေပုံထိုင်ပုံ နှင့် အတွေးအခေါ် […]