moonpoemMay 26, 20111min512
ဧည့်လမ်းညွှန်များ တာဝန်ထမ်းဆောင်ချိန်အတွင်း တူညီဝတ်စုံ များ ဝတ်ဆင်ရတော့မည်ဖြစ်ကြောင်း မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူးဦးလှဌေးက ပြောကြား သည်ဆိုသော သတင်းကို http://yangonmedia.com/news/news_detail.asp?nid=4073 အဆိုပါလင့်ခ် တွင် ဖတ်ရှူလိုက်ရပါသည်။ ကျွန်မတွေ ့မြင်ရသလောက်တော့ ဧည့်လမ်းညွှန်များသည် ယခင်ကတည်းက အမျိုးသားဆိုလျှင် စတစ်ကော်လာအင်္ကျီနှင့်ပုဆိုး၊ အမျိုးသမီးဆိုလျှင် မြန်မာအကျင်္ီနှင့် လုံချည်ကိုသာ ဝတ်ဆင်သူများဖြစ်ကြပါသည်။ တခြားသူများတော့ မပြောတတ်ပါ ဘောင်းဘီနှင့် ဂိုက်လိုက်သည် ဆိုတာကို တောင်တက်ခြင်း၊ စက်ဘီးစီးခြင်းစသော အချိန်တွင်သာ မြင်ဘူးပါသည်။ သူ ့ဟာနဲ ့သူ အမြင်မရိုင်းသော ဝတ်စုံများဖြင့် တိုးလိုက်နေသော ဧည့်လမ်းညွှန်များကို ဘာကြောင့်များ တူညီဝတ်စုံ သတ်မှတ်ပေးရသလဲဟု တွေးမိပါသည်။ ဂိုက်လိုင်စင်သက်တမ်းကုန်ပြီး လဲသောအချိန်တွင် ယူနီဖောင်းတွေရောင်းမည်လား မပြောတတ်ပါ။ မဝယ်မနေရ လုပ်မည်ဆိုလျှင်တော့ သေချာသည်မှာ တစ်စုံတစ်ခုသောအပ်ချုပ်ဆိုင်သည် အရောင်းအဝယ်ကောင်းလာပါလိမ့်မည်။