weiweiMarch 16, 20145min35520
တပေါင်းလပြည့်နေ့ မနက်ခင်း ပြည် ထုံဘို အကောက်တောင် ခရီးစဉ်အတွက် သခင်မြ မွေးရပ်မြေ ထုံးဘိုမြို့ကို ရောက်ရှိခဲ့ပါတယ်။ မိုးမလင်းခင် ရောက်ရှိသွားတဲ့အတွက် နေထွက်ချိန်ကို စောင့်ကြည့်ပြီး ဓါတ်ပုံရိုက်ခဲ့ရတယ်။ အကောက်တောင်သွားရာ မြစ်ကြောင်းတစ်လျှောက် သဘာဝအလှအပများကို ခံစားခဲ့ရပါတယ်။ ဧရာဝတီမြစ်ကို အသုံးပြုပြီး ဝမ်းစာရှာနေကြတဲ့ တံငါလှေလေးများ၊ စက်လှေငယ်လေးများ၊ စက်လှေကြီးများကိုလဲ တွေ့မြင်ခဲ့ရပါတယ်။ ဧရာဝတီမြစ်အလှအပကို သီးသန့်ခွဲပြီး တင်ထားတာဖြစ်ပါတယ် .. နောက်တစ်ပို့စ်ကျမှပဲ အကောက်တောင်ရှုခင်းနဲ့ ဘုရားပုံတော်တွေကို တင်တော့မယ် .. ဧရာဝတီအလှကို ခံစားနိုင်ကြပါစေ …


မြစ်တစ်စင်းကိုအဖေါ်ပြု လူထုနဲ့ရည်တည် သံယောဇဉ်တွေနယ်ကျွံတော့ ခံစားချက်တွေပေါက်ကွဲ မီးပြင်းပြင်းမြစ်ထဲကူးရင်း အမှောင်တွေဝေးလွင့်ချိန် အလင်းကပျောက်ဆဲ တမ်းတရင်းနဲ့ သာသနာကို ရွှေဝါရောင်သင်္ကန်းလွှမ်းခဲ့တယ် … ။ နှလုံးသွေးတွေစီးဆင်းနေတဲ့မြစ် ခံစားချက်တို့ကိန်းအောင်းတဲ့မြစ် ကိုငှက်ကြီးတင်စားခဲ့တဲ့ ရာဇဝင်ညရဲ့သတို့သမီး ငိုညာည်းသံသဲ့သဲ့ မကြားရက်တဲ့အဆုံးမှာ ဒေါသမှောင်ဖုံးလို့ လူလုံးမပြနိုင်တော့တဲ့အခြေ နှလုံးသားဒဏ်ရာတွေနဲ့ ဧရာဝတီရေ နင့်နှလုံးသား ပြန်ရှင်သန်နိုင်ပါတော့မလား ….. ။ ရင်ခုန်သံပြင်းပြင်း မြစ်တစ်စင်းကိုအဖေါ်ပြုရင်း အနာဂတ်နိုင်ငံတော်မှာ ဧရာဝတီနိုင်ငံသားတွေ မွေးဖွားရတော့မယ် ….. ။ ။


POLSeptember 25, 20111min890
ဧရာဝတီမြစ်ဆုံရေးအတွက် နယ်ပယ်အသီးသီးမှပေါင်းဆုံပါဝင်ခဲ့ကြတဲ့ ဟောပြောပွဲတစ်ခုကို (၂၄၊၉၊၂၀၁၁) ရက်နေ့က ရန်ကုန်မြို့ Park Royal Hotel မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev၊ မုံရွေးစာအုပ်တိုက် တို့က ပူးပေါင်းပြုလုပ်တာလို့သိရပါတယ်။ အဲဒီပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောပညာရှင် ဦးအုန်း ကအဖွင့်အမှာစကားပြောကြားပြီး Eco Dev မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူ၊ ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာဦးထွန်းလွင်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ကချင်တိုင်းရင်းသား ဒူဝါဇောင်ဂမ် တို့က ဆွေးနွေးဟောပြောခဲ့ကြပြီး Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင် ကနိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်ဟုသိရပါတယ်။ ဟောပြောပွဲကို ရဟန်းသံဃာတော်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ စာပေအနုပညာ၊ လူမှုရေး နယ်ပယ်စသည့် နယ်ပယ်အစုံမှ စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပါတယ်။ သတင်းနှင့်ဟောပြောချက်အပြည့်အစုံကို www.news-eleven.com […]


ရွှေအိမ်စည်August 22, 20111min2198
ကြွေကြတော့မယ့် ပန်းတပွင့် ( ဝါ ) ဧရာဝတီ သူ့ ခနာ္တဟာ ကောက်ကွေ့တဲ့ မျဉ်းတစ်ကြောင်းဆိုရင် သူ့ဦးခေါင်းက အလွန်လှပတဲ့ မြစ်ဆုံဒေသပေါ့…. သွေးကြောတွေ ယှက်နွယ်နေပုံလေးက နူးညံ့ပျော့ပြောင်းလှပေမယ့် သူ့ခြေထောက်က ဗမာပြည်ရဲ့ ဆန်အိုးကြီးကို မရွဲ့စောင်းအောင် သယ်ပိုးထားသူလေ…….။ သူ့အလှလား… နန်းအဆက်ဆက်တိုင်းမှာ အလှဘုရင်မဘွဲ့ခံ စာဖွဲ့ပြဖို့ ကြိုးစားသူတိုင်း ကြည်နူးစွာ ယစ်မှုးခဲ့ကြပေမယ့် ပြည့်စုံအောင် မဖော်ပြနိူင်ဘဲ ချီးကြူးသွားခဲ့ကြတယ်…..။ သူ့အလုပ်လား တောတောင်တွေ စိမ်းလန်းနေအောင် သစ်ပင်တွေကို နေ့စဉ် ရေလောင်း ပြည်သူလူထု အပေါင်းကို ရေေဝေ လေးလံလှတဲ့ ကုန်စည်များကို ထမ်းရွှက် မြန်မာနိူင်င်အထက်နဲ့အောက် မရပ်မနာ လမ်းလျှောက် တိုင်းပြည်အကျိုးကို နေ့စဉ် သယ်ပိုး သူ့ရဲ့အလုပ်ကြိုးစားမှု ဘယ်သူက ယှဉ်ပြိုင်နိူင်မှာလည်း …..။ အခုတော့ ရာဇဝင်ရိုင်းပြီ […]