နွယ်ပင်September 23, 20111min915
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ် ။ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ မြစ်ဆုံဆည်ကြီးဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီများ ဆောက်လုပ်နေကြတာပါ ။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ်နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုနေကြတာ ၂၀၀ရ ခုနှစ်ကတဲကပါ ။ အခုဆိုမြန်မာပြည်သူတစ်ရပ်လုံးက နည်းမျိုးစုံသုံးလို့ ဧရာဝတီကို ကယ်တင်ပေးဖို့ တောင်းဆိုနေကြပါပြီ ။ ဒေါ်အောင်ဆန်းစုကြည်(မြန်မာ့ဒီမိုကရေစီခေါင်းဆောင်) ” ဧရာဝတီမြစ်ကြီး ရပ်တည်ရေးအတွက်ထိန်းသိမ်းရေးအတွက် အားလုံးကနေ စုစုစည်းစည်းလုပ်မယ်ဆိုရင် ဒိ ကိ်စ္စဟာကျမတို့ရဲ့ ညီညွတ်ရေးအတွက်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက်ဝိုင်းဝန်း လုပ်ဆောင်ကြပါ။ ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကိုအခြေခံပြီး ညီညွှတ်မှုယုူနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း […]