lu ta loneMay 20, 20101min1523
ကျွန်မဖေဖေဟာအစိုးရဝန်ထမ်းတစ်ဦးလုပ်စဉ်ကာလမှာ ကျွန်မဟာဖေဖေနဲ့အတူနေခဲ့ပြီး ပြောင်းသမျှမြို့တွေကို အတူလိုက်ပါလေ့ရှိပါတယ်။ ကျွန်မမေမေနှင့်ကျွန်မမွေးရပ်မြေကတော့ ပြည်မြို့ဖြစ်ပြီး ၊နောက်ပိုင်းမှာ ဖေဖေနှင့်အတူ မြို့တော်တော်များများကို နေခဲ့ဖူးပါတယ်။ ကျွန်မ ဟင်္သာတမှာ ၁ဝတန်းအောင်ပြီး ကျောင်းဆက်မတက်ခင်မှာတော့ ကျွန်မဖေဖေရဲ့မွေးရပ်ဇာတိဖြစ်တဲ့ ကြံခင်းမြို့ မှာအတော်ကြာကြာလေးနေခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လေ့လာထားခဲ့သည့် ကြံခင်းမြို့ရဲ့သမိုင်းကြောင်းလေးကို ဖေဖေ၏တိုက်တွန်းချက်အရ ယခုရေးဖြစ်ပါသည်။ သမိုင်းစာမျက်နှာမှာတော့ မြန်မာနိုင်ငံအောက်ပိုင်းကို မွန်တို့နေထိုင်ရာ ရာမညတိုင်းအဖြစ်ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကိုပထမဆုံးရောက်လာသော ခရစ်ယာန်ဘုန်းကြီး ဂါလီဇီယာ ကအနောက်ဘက်တွင် သရက်အထိ အရှေ့ဘက်တွင်တောင်ငူဒေသအထိ ဒေသအားလုံးကိုမွန်လူမျိုးကသာအုပ်ချုပ်လျက်ရှိသည်ဟုမှတ်တမ်းရေးထားကြောင်းဖော်ပြထားပါ သည်။ ထို့ကြောင့်သရက်မြို့မှ ဧရာဝတီမြစ်စဉ်အောက်ပိုင်းရှိကြံခင်းမြို့သည် ရာမညတိုင်းအတွင်းတည်ရှိနေကြောင်းခိုင်လုံပါသည်။ ရာမညဟူသည် နှလုံးမွေ့လျောပျော်ဖွယ်ရာအရပ်ဟုအဓိပ္ပာယ် ရရှိပါသည်။ ကြံခင်းမြို့ကိုမွန်ဘာသာအရေးအသားဖြင့်(ကျာကင်)၊ မွန်ဘာသာအသံထွက်ဖြင့်(ကျန်းကန်း)ဟုအသံထွက်သည်။ ကျန်း=မိချောင်း၊ ကန်း= ကင်းအကောက်ကောက်ရာဌာန ကျန်းကန်း =မိချောင်းကင်းမိချောင်းအကောက်ဌာန ဟုအဓိပ္ပာယ်ရပါသည်။ မွန်ဗမာ ကုန်သည်၂ဦးသည်ကြံခင်းအရပ်တွင် မြစ်မှပေါ်လာသောမိချောင်းကိုမြင်လျင်၊မြို့အမည်အားငြင်းခုန်ကြရာ မွန်ပညာရှိအမတ်ဒိန်၏ အဆုံးအဖြတ်ဖြင့် ဒေသအရ (ကျန်း) […]