who whoJanuary 27, 20171min1713
ကျနော်တို့ညီမနှစ်ယောက် အဘိဓမ္မာသင်တန်းစတက်ဖြစ်တော့သင်တန်းကအပြန် ထမင်းအတူတူစားရင်း ပြောဖြစ်ကြပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပူပူလေးရယ်၊ ချဉ်ရည်ဟင်းလေးရယ်၊ ရှမ်းငရုတ်ရှုရှုရှဲရှဲလေးရယ်ဆိုတော့ ဘေးကနေငေးကြည့်နေတဲ့ ကြက်သားဟင်းလေး ခမျာ မျက်နှာငယ်ရှာပေါ့။ ထမင်းစစားတယ်ဆိုရင်ပဲ ကျနော်က စပြောမိပါတယ်။ “ညီမရေ ငါတို့ အရင်တုန်းကထင်ထားတာနော်။ ကိုယ့်ထမင်းကိုယ်စားတာ ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးပေါ့။ အားရပါးရစားလိုက်ဝါးလိုက်ကြတာလည်း မပြောပါနဲ့အေ။ ခု အဘိဓမ္မာသင်တန်းတက်တော့ သင်ပေးလိုက်တဲ့ လောဘမူစိတ်(၈)ခု။ ကဲ ငါတို့စားနေတာက ဘယ်အခုနဲ့ကိုုက်မလဲ စဉ်းစားကြည့်ပါလား” ဆိုတော့ ကျနော့် ညီမက “အင်းနော်။ ခုမှပဲ ကိုယ့်ထမင်းကိုယ်စားတာတောင် အပြစ်က ဖြစ်နိုင်သေးတာပဲကိုး။ ငါတော့ အဲလို အပြစ်ဖြစ်မဖြစ် တစ်ခါမှတောင် မတွေးဖူးပါဘူး။ ကဲ ဒါဆို ညည်းအရင် စစ်ပြလေ။ ခု စားနေတာ ဘယ်စိတ်နဲ့လဲဆိုတာ” “အမယ် ညည်းလူလည်ကျလှချည်လား။ ငါမေးတဲ့မေးခွန်း ငါ့ကို ပြန်မေးနေတယ်။ […]