unclegyi1974October 10, 20102min1528
uncle gyi ကျိုက်ထီးရိုး ရောက်တုန်းက ရိုက်ထားတဲ့ပုံလေးတွေပါ မရောက်ဖူးသေးတဲ့လူတွေကြည့်ရအောင်တင်ပေးလိုက်ပါတယ် ဒီပုံတွေက ကားလမ်းပေါက်ပြီးတည်ဆောက်ပြုပြင် ပြီးနောက်ပိုင်းပုံတွေပါ ဟိုးတုန်းကပုံတွေတော့အန်ကယ့်ဆီမှာမရှိပါဘူး ငယ်သေးတော့ ကင်မရာလဲမကိုင်နိုင်သေးပါဘူး ဝယ်လဲမဝယ်နိုင်သေးပါဘူး ဟိုးတုန်းကညမှောင်သွားရင် ဝါးမီးတုတ်ကလေးထွန်းပြီးတောင်တက် တောင်ဆင်းလုပ် ရတာကိုကအရသာ တခုပါ အတက်သမားတွေကမေးရင်ဘယ်လောက်ဝေးဝေး ်တကွေ့ဘဲလိုတော့တယ် လို့ပြောပြီးရီရတာကလဲအရသာပါဘဲ အတက်အဆင်းလုပ်ရင်းညမှောင်ရင်မီးတုတ်ဝယ်ထွန်း လိုရာခရီးရောက်လို့ ရေနံဆီမကုန်သေးရင်နောက်သွားမယ်သူတွေသုံးနိုင်အောင်လမ်းဘေးသစ်ပင်မှာ မီးတုတ်စိုက်ထားခဲ့တာလဲမြန်မာ့စိတ်ဓါတ်ပါဘဲ အတက်အဆင်းလမ်းမှာရှိတဲ့ ဘယ်တဲ မဆို ရေအိုးလေးတွေကအဆင်သင့် ရေကုသိုလ် ယူကြတာအဲဒါမြန်မာ့စေတနာပါ ့ အခုခေတ်ငါးသေတ္တာထဲကငါးလိုကြပ်သပ်စီထည့်ခြင်းခံပြီးကားစီးသွားတဲ့သူတွေအဲဒီလိုအပျော်မျိုးလေးတွေ တွှေ့ဖူးမှာမဟုတ်ပါဘူး ဝမ်းနည်းစရာပါဘဲ