.ရွာသူ ကောင်းကင်ပြာ ရဲ့ အန်တီ ဒေစီ ပို့စ်လေးက ဟာသလေးစွက်ပြီး ရေးသွားတာ ဖတ်ရတာချောလို့။ ရွာထဲက အော်မေ့ဂိုဏ်းဝင်တွေရောက်လာပြီး မန်းမှုတ်ထည့်လိုက်တော့ အပျိုကြီး လုပ်တာ မှန်တယ် အိုကေတယ်ဆိုတဲ့ အနေအထားဖြစ်သွားပါရောလား။ ကွန်မင့်တွေထဲမှာ အပိုလို ပြောတာလည်း မှားမနေဘူးလေ။ ခုဆို မိသားစုတိုင်းလိုလိုမှာ အပျိုကြီး တစ်ဦးတလေကို တွေ့နေရတော့ ချဲ့တွေးမယ်ဆိုလည်း အများကြီးပေါ့။ တရုတ်မှာက ကလေးတစ်ဦးပဲ ယူခွင့်ရှိပေမယ့် သူတို့က မျိုးဆက်ကပ်တယ်။ မိန်းကလေးတွေကို အသက် ၂၅ အကျော်ကို မခံဘူး။ .သို့ပေမယ့် ဒီပို့စ်က အကြောင်းအရာကိစ္စလည်း မဟုတ်၊ သတင်းအချက်အလက်လည်း မဟုတ်၊ မိန်းမတစ်ယောက်ရဲ့ စိတ်တွင်း ပဋိပက္ခကို ခပ်ရိုးရိုးရေးပြတာသာ ဖြစ်တဲ့အပြင် အရှိတရားနဲ့ ဒက်ထိတွေ့ရတဲ့ အကြမ်းထည် သဘောထက် စိတ်ကူးလေး တငြိမ့်ငြိမ့်ယဉ်ပြီး […]