ရွာ့အရေးအတွက် မေးတဲ့သူတွေ မေးကြတဲ့အခါ သဘောထားတွေပါမေးတော့  ဖိုရမ်လုပ်ပြီးမေးတာမျိုး ဒါမှ မဟုတ် ပို့စ်တစ်ပုဒ်အဖြစ် ခွဲထုတ်ပြီးမေးသင့်ကြောင်း ဦးဦးပါလေရာ ရဲ့ အကြံပေးချက် ကောင်းမွန်တာမို့  မေးပြီးသားလေးကိုပဲ အစပြန်ထုတ်ပြီးရေးတင်လိုက်ပါရစေ။ ကောင်းကင်ပြာနောက်က လိုက်တာပါ။ ကျမမေးထားတာက = အချစ်ရေးကို တာဝန်ယူဖြေရှင်းပေးမည်၊ အထူးသဖြင့် ကွဲကွာရေးကို တာဝန်ယူဖြေရှင်းပေးမည်ဆိုသော မမချွိကို မေးပါရစေ။ ဒီလိုလေ၊ ကိုယ်က မယားကြီးနေရာကဆိုပါတော့၊ ကိုယ့်မှာက သားတစ်ယောက်လည်းရှိပြီ၊ ပြည်ပကိုလည်း ခဏတဖြုတ်ရောက်နေတယ်။ အိမ်ထောင်သက်ကလည်း ဘာမှ မကြာသေးဘူး။ မြန်မာပြည်က ကိုယ့်ယောက်ျားက နောက်တစ်ယောက်နဲ့ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်။ မယားကြီးတစ်ယောက်အနေနဲ့ ကိုယ်က ဒီလိုကြီးပေါ်တင်စော်ကားခံရပြီဆိုတော့ မကျေနပ်ဘူး။ သတင်းစာမှာ ဘာညာကွိကွ ထည့်လိုက်တယ်။ ကိုယ့်ယောက်ျားကတော့ သူ့မိဘတွေဆီက အမွေဖြတ်ဆိုတာလုပ်ပြီး နောက်အိမ်ထောင်ထူဖို့ လုပ်လိုက်ပြီ။ အဲဒီမှာ ယောက်ျားက […]