TTNUJune 24, 20121min45531
(၁၀)တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်း ကျမရဲ ့ ဘာသာစကားသင်တန်းကလေး ကို လာတက်သူတွေနည်းနည်းတိုးလာပါတယ်။ တစ်ချို ့ကတော့ (၁၀)တန်းဖြေထားပြီး ကတည်းက တက်ထားနှင့်ကြတာပါ။ ဘာသာစကားသင်တန်းတွေဆိုတာလည်း တစ်မြို ့လုံး တအုန်းအုန်းဖွင့်နေပေသကိုး။ သတင်း စာများဖတ်လိုက်ရင် သင်တန်းတစ်ခုနဲ့ တစ်ခု အားတွေပြိုင်နေလိုက်ကြတာများ ဖတ်ရတာ အားရစရာကြီး၊ အခုချက်ချင်းကို ဒွတ်ဒက်ရွှတ်ရှက် ပြောနိုင်သွားမတတ်ကြော်ငြာကြပါတယ်။ နေ့တိုင်ကြော်ငြာနိုင်ကြပါတယ်။ ကြော်ငြာခတွေ သိပ်ကုန်မှာပဲနော်လို့ ပြောတော့ ဆရာလုပ် နေပြီဖြစ်တဲ့ တပည့်တစ်ဦးကပြောပါတယ်။ “တီချာရေ အခုခေတ်က ကြော်ငြာအားကောင်းဖို့ လိုတာ” တဲ့။ ဒီလိုနဲ့ လူသိနည်းလှတဲ့ ကျမရဲ ့ ဘာသာစကားသင်တန်းလေးဟာ မြို ့ရဲ ့ ခပ်ချောင်ကျကျ တစ်နေရာမှာ တိတ်တဆိတ်လေး ရပ်တည်နေခဲ့ပါတယ်။ အတန်းတက်ဖို့ လာရောက်စုံစမ်းသူ တွေက တစ်ခါတစ်ရံမှာ ကျမကို စာသင်သူတီချာလို့ […]