တွေရကြုံရ ..တစ်ကယ့်ဟာသ။။။ ““သတင်းခေါင်းစဉ်”” အဲဒီ ရွာကြီးမှာပဲပေါ့ဗျာ အဲဒီရွာကြီးဆိုလို့မေ့သွားအုံးမယ် သာရဝေါရွာကြီးပေါ့ ဒီရွာက ဧရာဝတီမြစ်ကမ်နံဘေး  ရှိတဲ့ရွာလေဗျာ  မြစ်ကမ်းဘေးရှိဆိုမှတော့ တံငါ သမားတွေလဲရှိပေါ့ဗျာ.. တံငါဆိုလို့ တံငါသမား ထဲမှာ““ ကိုအောင်ရွေ””” ကိုတော့ဘယ်သူမှမမှီ ဒါက ကျွန်တော့ ကိုယ်တွေ့ လေဗျာ သူက ဧရာဝတီမြစ်ကမ်းစပ်တင် တဲထိုးနေတာကလား  အချိန်တန်ပိုက်ချ ရတဲ့ငါးလေး ရွာပေါ်တက်ရောင်း ဒီလိုလုပ်ကိုင်စား သောက်နေတာကလား တံငါဆိုလို့ အထင်မသေးနဲ့ မောင်ရေ ကမ္ဘာကြီးနဲတော့ မျက်ချေမပြတ်ဘူးဗျ ဘယ်သွားသွား ဘယ်လာလာ သူ့သား ရန်ကုန်မှာအလုပ်လုပ်တယ်ဆိုလား သူပြောတာပါပဲ သူ့သားဝယ်ပေးထားတဲ့ ရေဒီယိုလေးက အမြဲသူနဲ့မကွာပါလေရဲ့ ကိုယ့်နဘေးနား ရေဒီယိုသံသဲ့သဲ့ကြားလို့ကတော့ လှည့်မကြည့်နဲ့ ကိုအောင်ရွှေကြီး ရောက်နေတယ် အတတ်သိရတာကလား ဗျ စားရင်လဲ ရေဒီယို သွားရင်လဲရေဒီယို အိပ်ချိန်တောင် ရေဒီယိုကြီး […]