ဦးသုJanuary 2, 20131min21119
ကဲအဲလိုတွေ ကော်ပီကူးချထားတဲ့ ထာဝရအလင်းတန်းများဆိုတဲ့ ကားကို အကယ်ဒမီတွေပြွတ်သိပ်နေအောင်ပေးချလိုက်တော့ ကောင်းကြသေးရဲ့လား ။ ပေးတဲ့သူကလဲ ဘာမှမလေ့လာပဲပေး။ ဆုတက်ယူတဲ့သူကလဲ ခပ်ပြောင်ပြောင်ပဲ အရှက်မရှိတက်ယူ။  ဦးဇင်ဝိုင်း ကြီးလက်ထက်ကျမှပဲ ပိုဆိုးတော့တယ်။ ကျော်ဟိန်းတို့ ကျော်သူတို့ ခေတ်တုန်းက ဦးကျော်သူဆိုရင် အကယ်ဒမီကို ခက်ခက်ခဲခဲ ယူခဲ့ရတာ။ အဲဒီကားကို 5MOVIE မှာလဲပြပြီးသွားပြီ ။  ကဲနောက် နှစ်ကျရင် တော့ ကျွန်တော်လဲ အော်စကာမင်းသားကြီး TOM HANKS ရဲ့ FORREST GUMP ဆိုတဲ့ အော်စကာ ခုနှစ်ဆုရတဲ့ ဇာတ်ကားကို ကော်ပီလုပ်ပြီး ရိုက်ရင်ကောင်းမလားလို့စဉ်းစားရတော့မယ်။ ရွာထဲက သူတွေနဲ့ပဲရိုက်မယ်ဗျာ အဲဒီကားကြည့်ဖူးရင် ဘယ်သူ့နေရာကသရုပ်ဆောင်မလဲ အောက်မှာ စာရင်းပေးသွားကြ  အကယ်ဒမီရချင်ရမှာနော် ။