black chawSeptember 16, 20111min21319
ကျွန်တော်ဟာ အခုတလောမှာ ခြေထောက်သုံးချောင်းနဲ့ လက်တစ်ချောင်းကို လိုချင်တဲ့ စိတ်ဖြစ်နေမိတယ်။ Real Madrid က စီရော်နယ်လ်ဒိုရဲ့ ခြေထောက်ကို ခဏလိုချင်တယ်။ ဧရာဝတီမြစ်ကြီးကို လက်ညှိုးထိုးပြီးရောင်းစားတဲ့ လျှပ်စစ်ဝန်ကြီးရဲ့ခေါင်းကို ဖရီးကစ်ကန်သလို ကြုံးကြုံးကန်ချင်လို့။ အင်္ဂလန်က ဒေးဗစ်ဘက်ခမ်းရဲ့ ခြေထောက်ကို ခဏလိုချင်တယ်။ ဧရာဝတီမြစ်ကြီးကို အိမ်ကမိန်းမကြီးလောက်မှ ချစ်ရကောင်းမှန်းမသိတဲ့ အဲဒီလူကြီးကို ဖရီးကစ်ကန်သလို ကြုံးကြုံးကန်ချင်လို့။ ဘရာဇီးက ရော်ဘတ်တိုကားလို့စ်ရဲ့ ခြေထောက်ကို ခဏလိုချင်မိတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အိမ်က မိန်းမ စိန်နားကပ်ထိန်းသိမ်းရေးလောက်မှ စိတ်မဝင်စားတဲ့ အဲဒီလူကြီးရဲ့ခေါင်းကို ဖရီးကစ်ကန်သလို ကြုံးကြုံးကန်ချင်လို့။ အင်း….. လက်တစ်ချောင်းကျန်သေးတယ်။ အီတလီဒိုင်လူကြီး ကော်လီနာရဲ့ လက်ကြီးကို ခဏလိုချင်မိတယ်။ ဧရာဝတီမြစ်ကြီး ထာဝရအနားယူသွားရလောက်အောင် စီးပွားရေးကစားပုံကြမ်းတဲ့ အဲဒီလူကြီးကို တိုက်ရိုက် အနီကတ်နဲ့ မြန်မာပြည် နိုင်ငံရေးကွင်းထဲက အပြီးအပိုင်မောင်းထုတ်ချင်လို့။   […]