ဂ်စ္စူOctober 25, 20101min823
မီးလောင်နေသော နေရာကို အဝေးမှ ရိုက်ကူးထားပုံ (photo: AP) မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေနဲ့ ကျွန်းချောင်း ဓါတ်မြေဩဇာ စက်ရုံအကြားရှိတဲ့ ညောင်နီပင်နဲ့ ညောင်လှ ကျေးရွာအကြားဖြတ်သန်းသွားတဲ့ ကျောက်ခွက် အရာတော် ရေနံပိုက်လိုင်းမှာ ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ညက မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေဆုံးကာ ၇ဝ ကျော်ဒဏ်ရာရခဲ့သည်။ ဒီဖြစ်ရပ်ဖြစ်ပွားပုံနဲ့ ထိခိုက် ဒဏ်ရာ ရရှိမှုကို ဒေသခံ တဦးက “မနေ့ညက မြစ်ခြေတောင်ဘက် ညောင်လှနဲ့ ၄မိုင်လောက်အကွာမှာဗျာ ရေနံပိုက်လိုင်းပေါက်တော့ ရေနံပြင်ကြီးဖြစ်နေတယ် အဲဒါကို ရွာသားတွေက သွားခပ်ကြတာပေါ့ အဲဒီမှာ မီးလောင်မှုဖြစ်ပြီး လူ၈ ဦးသေပြီး ၇ဝ ကျော်ဒဏ်ရာရသွားတယ်” ဟုပြောသည်။ ဒဏ်ရာရသူတွေဟာ ဆေးရုံဆေးခန်းကို သွားမပြရဲကြပဲ ကိုယ့်အစီအစဉ်နဲ့ကို ကုသနေကြတဲ့အကြောင်းကိုလည်း အဆိုပါ […]