weiweiOctober 22, 20102min722
ဒီရေကန်ကလဲ တိဗက်ပြည်နယ်ရဲ့ မြင့်မြတ်တယ့်ရေကန်သုံးခုထဲက တစ်ခုဖြစ်ပါတယ်။ Shannan region မှာတည်ရှိတယ့် အစိမ်းရောင်ရှိတယ့် ရေချိုရေကန်ဖြစ်တယ်။ မနေ့က တင်ထားတယ့် နမ်ဆိုရေကန်ကတော့ အပြာရောင် ရေငံရေကန်ပါ။ ဧရိယာ 246 စတုရန်းမိုင်ရှိလို့ ဟိမဝန္တာပတ်ဝန်းကျင်မှာ အကြီးဆုံးရေကန်တစ်ခုဖြစ်ပါတယ်။ ရေသေရေကန်ပါ။ ပတ်ဝန်းကျင်ကရေခဲတောင်တွေကပျော်ကျလာတယ့်ရေတွေနဲ့ ရေကန်ဖြစ်နေတာပါ။ အနက်ဆုံးနေရာမှာ မီတာ ၆ဝ အထိရှိပြီး အတိမ်ဆုံးအနက်က မီတာ ၂ဝ ရှိတယ်။ ဓါတ်ပုံထဲမှာတော့ ရာသီဥတုက မိုးအုံ့နေတာကြောင့်ရယ် အချိန်က မနက်စောစောဖြစ်တာကြောင့်ရယ် ရေကန်ရဲ့အလှကို ထင်ထင်ရှားရှားမမြင်ရတာပါ။ သဘာဝတရားရဲ့ အံ့မခန်းတယ့်အလှတစ်ခုပါပဲ။ လမ်းတစ်လျှောက်မှာ လှပတယ့်တောင်တွေနဲ့ ချောမွတ်နေတယ့် အဝေးပြေးလမ်းတွေနဲ့ အရမ်းသာယာပါတယ်။ နောက်ထပ်လှတယ့်နေရာတွေကိုလဲ တဖြည်းဖြည်းနဲ့ တင်ပေးပါအုန်းမယ်။