ပန်းတမော့ ဆိုတာ ကျွန်တော်တို.မြန်မာနိုင်ငံရဲ. အဓိက ပန်းဆယ်မျိုးထဲမှာတစ်ခုအပါအဝင်ပါ။ အရင်တုန်းကဆိုရင် ကျောက်ဆင်းတု ဘုရားတွေထုရတာ ရက်အကြာကြီးပေးရတာပေါ့.. ကျွန်တော် ငယ်ငယ်တုန်းက ဆိုရင် ကျွန်တော် တို.အိမ်က ဘုရားထုတဲ့သူ၊ ကျောက်ချောတိုက်တဲ့သူ အဲဒီလူတွေကို အချိန်အကြာကြီးအလုပ်လုပ်ပြီးမှ သေသေချာချာ စစ်ဆေးပြီးမှ ကျောက်သားကောင်းကောင်းနဲ. ကြည်ညိုဖွယ်ရာ ကျောက်ဆင်းတုဘုရားတစ်ဆူ ထုဆစ်ပြီးတာပါ… အနည်းဆုံး ၁၅လက်မ၊တစ်တောင်၊ တစ်တောင့်တစ်မိုက်၊နှစ်တောင် ကနေ အရွယ်အစားအမျိုးမျိုးရှိပါတယ်.. တစ်တောင်အရွယ်ကို အရင်ကဆို စကျင်ကျောက်တောင်ကနေ သယ်လာပြီး ရုပ်လုံးပေါ်တဲ့အထိ ၇-ရက်တစ်ပတ်လောက်ကြာတယ်…. ခေါင်းတော်ပုံစံထုဆစ်တဲ့သူက တစ်ယောက်၊ ထုပြီးလို. ရုပ်လုံးပေါ်လာရင် အကြမ်းထည့်ကိုချောသွားအောင် တံစဉ်းနဲ. အချောတိုက်တဲ့သူကတစ်ယောက်၊ ပြီးရင် ချောပြီးအရောင်ထွက်လာအောင် ကျောက်ချောတဲ့ မိန်းမလေးတွေက အရွယ်အစားကြီးရင် ကြီးသလို တစ်ယောက်၊နှစ်ယောက် လုပ်ရတယ်… အဲကျောက်ချောတဲ့နေရာမှာ ပထမဆုံး တံစဉ်းတိုက်ပြီးသား ဆင်းတုကို သံကျောက်ဆိုတာနဲ. […]