thihayarzarSeptember 5, 20101min1382
သီတင်းကျွက်ဆင်လှူပွဲတော်ကိုရောက်ဖို့လိုနေသေးပေမယ့်လည်း ကျောက်ဆည်မြို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ ဒီလိုအချိန်ကတည်းက ဆင်အရုပ်အကများ လှည့်လည်လို့နေပါပြီ…. နာမည်များမျိုးစုံအောင်ပေးထားတဲ့ ဆင်အရုပ်များဟာ မိမိမြို့နယ်မှာရှိတဲ့ ဘုရား၊ကျောင်းကန်၊စေတီပုထိုးများ ဘုန်းကြီးကျောင်းများ ၊ ဗုဒ္ဓဝေယျာဝစ္စကိစ္စများအတွက် လှည့်လည်ပြီး အလှူခံထွက်ကြခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်ဆိုရင်ကျောက်ဆည်မြို့ရဲ့နေရာတိုင်းမှာသီချင်းများနဲ့အတူ ဆင်အကအလှများကိုလည်း မြင်တွေ့နေရပါပြီ။ ဆင်များမှာ အလှဆင် ဘော်ကြယ်ထိုးထားသောဆင်များ၊ ရိုးရာဆေးခြယ်ထားသောဆင်များ၊ အမည်းရောင်ခြယ်ထားသော အရိုင်းဆင်များ ကိုမြင်တွေ့ရပါသည်။  ကျောက်ဆည်မြို့၏ ဆင်အကဟာဖြင့် မြန်မာသာမက ကမာ္ဘကပါသိလာပါပြီ။ကျောက်ဆည်ဆင်လှူပွဲတော်သို့ နိုင်ငံခြားသားများ နှစ်စဉ် အများအပြားလာရောက်ကြပါသည်။ ဂျာမနီမှအများဆုံးလာကြပါသည်။ ဆွပ်ဇာလန်လူမျိုးများ၊ ထိုင်းလူမျိုးများ၊ရုရှားလူမျိူးများ အများအပြားလာရောက်ကြည့်ရှုရင်း မှတ်တမ်းတင် ဗီဒီယိုများလည်း ရိုက်ကူးသွားကြပါသည်။ သီတင်းကျွက်ဆင်လှူပွဲတော်သည် ကျောက်ဆည်မြို့တွင် လူအစည်ကားဆုံးသောပွဲတော်တစ်ခုဖြစ်ပါသည်။ ဆင်အကအလှပြိုင်ပွဲများကိုလည်း ရပ်ဝေးရပ်နီးမှ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လာရောက်ကြည့်ရှုကြပါသည်။ ဆင်လှူပွဲတော်ပြီးရင် ကျောက်ဆည်ရွှေသာလျောင်းတောင်တော်ပေါ်သို့ တက်ရောက်ကာ ဘုရားများလည်းစုံအောင် ဖူးကြပါသည်။ ဘုရားဖူးများဟာဖြင့်  အလွန်ကိုများပြားလှပါသည်။ ကျယ်ဝန်းလှသည့်တောင်တက်ကားလမ်းကြီးတွင် ကားများ […]