weiweiOctober 28, 20104min865
Stone forest  သဘာဝကျောက်တုံးဥယျာဉ်ပုံတွေပါ။ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ တစ်နာရီခွဲခန့် ကားစီးသွားရင်ရောက်တဲ့ ရှီးလင်လို့ခေါ်တဲ့ မြို့ကလေးမှာတည်ရှိပါတယ်။ ထူးထူးခြားခြား သဘာဝရှုခင်းတွေပါပဲ။ ဥယျာဉ်ကြီးက ကြီးလွန်းလို့ တစ်နေကုန်လှည့်ကြည့်တာတောင်မှ မကုန်ခဲ့ဘူး။ ဒီပို့စ်လေးမှာ နဲနဲတော့ကြော်ငြာဝင်လိုက်အုန်းမယ်။ ယူနန်ပြည်နယ်ဆိုတာက မြန်မာပြည်က ရှမ်းပြည်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ပြည်နယ်တစ်ခုပါ။ သဘာဝရှုခင်းတွေနဲ့ သာယာလှပပါတယ်။ မြန်မာကနေ လေယာဉ်စီးစရာမလိုပဲ သွားလည်လို့ရပါတယ်။ မူဆယ်ကနေ ယာယီ ပက်ပို့စ်လုပ်ပြီး ရွှေလီကိုသွားလို့ရပါတယ်။ ရွှေလီက ခရီးသွားအဖွဲ့အစည်းတွေအကူအညီနဲ့ ယူနန်ပြည်နယ်ထဲကို ၁ဝ ရက် ဝင်ရောက်လည်ပတ်လို့ရပါတယ်။ ခရီးသွားဝါသနာပါသူများ လည်ပတ်သင့်တဲ့  ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ကျွန်မကတော့ ယူနန်ပြည်နယ်အနှံ့မရောက်ဖူးသေးပါဘူး။ ကိစ္စတစ်ခုနဲ့ ကူမင်းကို သွားရင်းနဲ့ ကျောက်တုံးဥယျာဉ်နံမည်ကြီးလို့ သွားကြည့်ခဲ့ဖြစ်ပါတယ်။ နွေရာသီ နေလဲအရမ်းပူနေတာမို့ ဓါတ်ပုံတွေလှပနေသလောက် လူကတော့ နေမိပြီး အတော်ပင်ပန်းသွားခဲ့ပါတယ်။ ကျောက်တုံးတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စိတ်ဝင်စားစရာကောင်းပါတယ်။ […]