Paing LayJuly 11, 20141min2847
အနော် 7တန်းကျောင်းသားဘဝကပေါ့ဂျာ။ တကယ့်ကို အမှတ်ရလေးပါ။ အဲဒီတုန်းက အနော်တို့ နေတဲ့ ကျောင်းဆောင်က အထပ်မြင့် တစ်ထပ်ကျောင်းဆောင်ဗျ။ အထပ်မြင့်ဆိုပေမယ့် ပုံစံက ခြေတံရှည်ဗျ။ ဆောက်ပေးတဲ့ အင်ဂျင်နီယာတွေရဲ့ အိုင်ဒီယာကို အထူးကျေးဇူးတင်မိပါတယ်ဗျာ။ ဘာကြောင့်လဲဆိုရင် အောက်ထပ်မှာက ဖုန် နဲ့ အမှိုက်တွေရယ် ကျောင်းမှာ လိုအပ်ရင်အုတ်တံတိုင်းနဲ့ စည်းရိုးတွေ ထုံးသုတ်ဖို့ထားတဲ့ ထုံးပုံရယ် ဒါပဲရှိတယ်။ အဲဒီအောက်မှာပဲ အနော်တို့က မုန့်စားဆင်းချိန်ရယ်၊ ဂေါ်လီရိုက်ချိန်၊ ကာယအချိန် နဲ့ ကျောင်းသန့်ရှင်းရေးလုပ်ရတဲ့ သောကြာနေ့တွေမှာပေါ့ ကျောင်းအုတ်လှေကားကို ကာဗာလုပ်ပြီး ဖဲခိုးရိုက်ကြတယ်။ ပြီးတော့ အနော်တို့ နေ့လည်ပိုင်းကို ကျောင်းလစ်ပြီး ဗွီဒီယိုရုံ အနောက်မှာ ကြည့်ဖူးတဲ့ အပြာကားအကြောင်းတွေ ဆွေးနွေးကြတယ်။ သူကြည့်ဖူးတဲ့ ကားက ဘယ်လို ငါကြည့်ဖူးတဲ့ ကားကဘယ်လိုပေါ့။ ပြီးတော့ လိင်ကိစ္စနဲ့ […]