Lutt Latt ThuJune 28, 20131min782
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးများ၏ တရားရေးမဏ္ဍိုင်ရွဲ့နေသည် စောင်းနေသည် ဆောင်းပါးရှင် – ကျော်မိုးဇော်(ဝန်းသို) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်စီတာပူမြောက်ကွင်းအမှတ် ၁၁/၂ ဦးပိုင်အမှတ်(၁၆၇) (မူလပိုင်ရှင် ဗိုလ်မှူး တင်ထွန်းဝင်း)အမည်ပေါက် ဂရန်အမှုတွဲအမှတ် ၉၇၀(၃)/၂၀၀၀-၂၀၀၁ အိမ်ခြံမြေနှင့်ပါတ်သက်၍ ဒေါ်မေလွင်(ခ)ဒေါ်စီ နှင့် ဦးလှိုင်မင်း(ခ)စီပိုး ၎င်း၏ဇနီး ဒေါ်မိုး(ခ)ခင်သန်းနု တို့၏ သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အဆင့်ဆင့်သော တရားရုံးများ၏ ဆုံးဖြတ်ချက်များသည် လူသားခြင်းမစာနာ အဖြစ်မှန်ကို မရောက်သော ဆုံးဖြတ်ချက်များဖြစ်သည်ဟု ရိုးသားစွာ ယူဆမိပါသည်။ ဦးလှိုင်မင်း(ခ)စီပိုး နှင့် ၎င်း၏ဇနီး ဒေါ်မိုး(ခ)ခင်သန်းနု တို့သည် လက်လုပ်လက်စား ဘဝဖြင့် ပင်ပင်ပမ်းပမ်းရုန်းကန်လှုပ်ရှားနေရသူများဖြစ်သည့်အတွက် တရားစရိတ်ပင် အနိုင်နိုင်ဖြစ်ပါသည်။ သို့သော် ၎င်းတို့နှင့်တရားပြိုင် ဒေါ်နီ(ခ)ဒေါ်ဆောင်ဟွာ ဆိုသော အမျိုးသမီးမှာ (ခွန်အားသစ်)အမည်ဖြင့် တချိန်က […]