ကျွန်မက ပို ့စ်တွေတော့သိပ်မရေးဖြစ်ပါဘူး။ကွန်မန် ့တွေမှာဘဲ အတွေ ့များပါတယ်လို ့ကိုသစ်မင်းပြောမှ ပြန်စဉ်းစားမိပါတယ်။ကျွန်မကို တော်တော်များများက အမြင်ကတ်နေပီလားပေါ့။ဒါမှ မဟုတ် ပါလေရာငပိချက်ပေါ့။ အဲလိုတော့ မဟုတ်ရပါဘူး။ကျွန်မကရေးချင်တယ်။မရေးရဲဘူး မရေးရဲဘူးဆိုတာကလဲ ကိုယ်တိုင်က စာသိပ်မဖတ်ဖြစ်တာကြာတော့ ရေးလိုက်တဲ့ပို ့စ်ရဲ ့ပေးမိတဲ့ မက်ဆေ့ချ်လေးမှားသွားမှာကြောက်လို ့ပေါ့။ တနေ ့နေ ့များပြားလှတဲ့ အလုပ်ကိစ္စတွေ၊မောင်လေးကျောင်းအကြိ ုအပို ့တွေနဲ ့ကြားက MG မှာ ဝင်ရောက်လေ့လာခွင့်ရတော့ သည်းခံဖတ်ပေးကြသူအားလုံးကို ကျေးဇူးဥပကာရပြ ုရမှာပါ။တနေ ့က အလုပ်ကိစ္စလေးနဲ ့ကွန်ပြူတာနက်ဂိမ်းဆိုင်လေးကိုသွားရတယ်။အဲဒီမှာတွေ ့ရတဲ့ ကျောင်းသားကလေးငယ် တစ်ယောက်ရဲ ့အပြောလေးကို စိတ်ဝင်စားလို ့ပြန်ဝေမျှပေးပါရစေ။ ကျောင်းသားလေးတွေ အများအားဖြင့် အသက် ၁၂၊၁၃ အရွယ်လေးတွေပေါ့၊နက်ဂိမ်းဆော့နေကြတာ။ခေတ်ကာလ ကလေးတွေ တော်တော်လေးတတ်နေကြပါပီ။ကျွန်မက အဲဒီထဲက ကလေးတယောက်ကို မေးမိတာ။သားရေ ဘယ်အတန်းကလဲ ဆိုတော့ လိမ်လိမ်မာမာပါဘဲ။သူ ၆ တန်းရောက်ပါပီ ၊C ခန်းကပါပေါ့။ သားရေ Aခန်းမသွားချင်ဘူးလားပေါ့ ကျွန်မကလဲ လေရှည်မိတယ်။ သူကပြန်ပြောလိုက်တယ် “မသွားချင်ဘူး အန်တီလေးရေ A ခန်းမှာ ပိုက်ဆံကောက်တာများတယ်တဲ့”။ “ သားက […]