ထာ၀ရSeptember 17, 20111min13047
အာ.  အား ….. အော်သံ၂ချက်နဲ. နံနက်ခင်းကို  စလိုက်ပါပြီ..ကျမတို. နံနက်ခင်းက တခြားဌက်တွေထက် စောတယ် ကြားဖူးတယ်မဟုတ်လား ကျီးမနိုးခင် ထဆိုတာ ကျီးတွေက တခြားဌက်တွေထက် ဝရီယကောင်းတယ်..မနက်လေးနာရီခွဲလောက်ဆို ကျမတို.ကျီးလောက စလှုပ်ရှားပြီလေ.. ဒီနေ.တော. ခါတိုင်းနေ.တွေထက် ပို စော စောထဖြစ်တာ အကြောင်းရှိတယ်လေ……   မိတ်ဆက်ရအုံးမယ် ကျမ က မယ်နီ ပါ  ဇာတိကတော.ရန်ကုန်ကမဟုတ်ပါဘူး အထက်အညာ ကပါ မျိုးရိုးက အာနီမျိုး  နာမည်ကြိးပေါ.. ကျီးအာနီသားကိုစားရင် ကလေးတွေ သူငယ်နာပျောက်တယ်လို. ဘယ်ရမ်းကုက သတင်းလွင်.တယ်မသိပါဘူး ကျမ အမျိုးတွေ တကောင်ပြီးတကောင် ဟင်းအိုးထဲရောက်ကုန်လို. ကြာရင် မျိုး ပျောက်မယ် ဆိုပြီး ဘကြီးက သူ.အသိနဲ. ရန်ကုန်ကို ထည်.လိုက်ရာကနေ မြို.ကို ရောက်လာတာပါဘဲ….   […]